Connect with us

Africa & Middle East

လူ ၃၂ ဦးပါဝင်သော ပါလက်စတိုင်းမိသားစုက ကရာတေးအားကစားလေ့ကျင့်မှုအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်နိုင်ရန် လျှောက်ထား

ပါလက်စတိုင်းရှိ West Bank နယ်မြေ Nablus မြို့ရှိ အားကစားရုံတစ်ခုတွင် ကရာတေးလေ့ကျင့်နေသော ဘီရှရတ် မိသားစုဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရာမလာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းရှိ West Bank အနောက်ဘက်ကမ်း နယ်မြေ Nablus မြို့မှ မိသားစုဝင် ၃၂ ဦးပါဝင်သော မိသားစုတစ်ခုသည် ကရာတေး လေ့ကျင့်မှုတွင် အကြီးဆုံးမိသားစုအဖြစ် အတည်ပြုနိုင်ရန် ရည်ရွယ်လျက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအတွက် လျှောက်ထားမှု ပြီးစီးခဲ့ကြောင်း သိရသည်။

Bsharat မိသားစုတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦးနှင့် ကလေး ၂၁ ဦးပါဝင်ပြီး ၎င်းတို့အနက် အများစုမှာ ရေကူးခြင်း၊ မြင်းစီးခြင်းနှင့် လက်ဝှေ့ထိုးခြင်း စသော အခြားသော အားကစားများ၌လည်း လုပ်ဆောင်လျက်ရှိကြောင်း၊ မိသားစုဝင်များသည် ကရာတေးလေ့ကျင့်ရန် တစ်နေ့လျှင် နာရီပေါင်းများစွာ ဒေသတွင်း အားကစားရုံတွင် စုပေါင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပါလက်စတိုင်းရှိ West Bank နယ်မြေ Nablus မြို့ရှိ အားကစားရုံတစ်ခုတွင် ကရာတေးလေ့ကျင့်နေသော ဘီရှရတ် မိသားစုဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

“ဒီလိုအားကစားမျိုးကို လေ့ကျင့်တဲ့ မိသားစုကြီးကို တွေ့ဖို့က ခဲယဉ်းပါတယ်” ဟု ကရာတေးနည်းပြတစ်ဦးဖြစ်သော အဗ္ဗဒူလာ ဘီရှရတ် (Abdullah Bsharat) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ၎င်း၏ မိသားစုအနေဖြင့် ၁၉၉၄ ခုနှစ်၌ ကရာတေးအဖွဲ့ ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါလက်စတိုင်းရှိ West Bank နယ်မြေ Nablus မြို့ရှိ အားကစားရုံတစ်ခုတွင် ကရာတေးလေ့ကျင့်နေသော ဘီရှရတ် မိသားစုဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံတွင် နပန်းသမားတစ်ဦးဖြစ်ခဲ့သူ ၎င်းတို့၏ဖခင်ထံမှ သင်ယူခဲ့သော ညီအစ်ကိုနှစ်ဦးဖြင့် ယင်းအဖွဲ့ကို စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့သည် အခြားသော မောင်နှမများ ပါဝင်လာလျက် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ကာ အဗ္ဗဒူလာ ကိုယ်တိုင်လည်း ပူးပေါင်းဝင်ရောက်လာခဲ့သည်။

အသက် ၄၂ နှစ်အရွယ် အဗ္ဗဒူလာအတွက်မူ ကရာတေးသည် အစပိုင်း၌ ဝါသနာတစ်ခုအနေဖြင့်သာ ရှိခဲ့ပြီး နောက်ပိုင်းတွင် နေ့စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်လာခဲ့ကာ နည်းပြတစ်ဦးဖြစ်လာခဲ့ပြီးနောက်တွင်မူ ဝင်ငွေရရှိမည့် အရင်းအမြစ်တစ်ခုပါ ဖြစ်လာခဲ့သည်။

ပါလက်စတိုင်းရှိ West Bank နယ်မြေ Nablus မြို့ရှိ အားကစားရုံတစ်ခုတွင် ကရာတေးလေ့ကျင့်နေသော ဘီရှရတ် မိသားစုဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ မိသားစုတွင် ပါလက်စတိုင်းပြည်သူများအကြား ကရာတေး လေ့ကျင့်မှု ပျံ့နှံ့လာစေရေး ပန်းတိုင်တစ်ခု ရှိပြီး အားကစားများကို အလေ့အကျင့်ဖြစ်လာစေရန် တွန်းအားပေးလျက်ရှိကြောင်း မိသားစု၏ အကြီးဆုံးသားဖြစ်သော အာမင် ဘီရှရတ် (Amin Bsharat) က ပြောခဲ့သည်။

ပါလက်စတိုင်းပြည်သူများသည် ဆယ်စုနှစ်များစွာကြာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအကျပ်အတည်းများ ခံစားရလျက်ရှိပြီး တစ်ခါတစ်ရံတွင် တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ် ဆိုးကျိုးသက်ရောက်မှုလည်း ရှိခဲ့သည်။

“မျိုးဆက်သစ်တွေဟာ ကျွန်တော်တို့ရဲ့ ကြောက်မက်ဖွယ်အမှန်တရားကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲဆိုတာကို တွေးနေကြမယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ သူတို့ဟာ စိုးရိမ်ဖွယ်ဖြစ်လာပြီး သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို နားလည်နိုင်ခြင်းမရှိတော့ဘဲ မိုဘိုင်းဖုန်းတွေနဲ့ ကစားပြီး အချိန်ဖြုန်းနေကြတယ်” ဟု ၎င်းက ဆိုသည်။

“ကြံ့ခိုင်တဲ့ လူမှုအသိုင်းအဝိုင်းဟာ စိတ်ရော ကိုယ်ပါ ကျန်းမာတဲ့ ကြံ့ခိုင်တဲ့လူတွေ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ၎င်းနှင့် ညီအစ်ကို မောင်နှမများသည် ကရာတေး လေ့ကျင့်ခြင်း အတွေ့အကြုံကို အခြားသူများနှင့်အတူ မျှဝေခြင်းဖြင့် လူမှုအသိုင်းအဝိုင်းအတွက် တာဝန်သိစိတ်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

စိတ်လှုပ်ရှားဖွယ်ရာ ပြုလုပ်ရန် ရည်ရွယ်လျက် ဘီရှရက်နှင့် ၎င်း၏မိသားစုဝင်များသည် ကရာတေးလေ့ကျင့်မှုတွင် အထင်ရှားဆုံးမိသားစုအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအတွက် မှတ်ပုံတင်သွားမည်ဟု ကြေညာခဲ့သည်။
“အဲဒီအချိန်ကစလို့ ကျွန်မတို့တွေဟာ ရပ်ရွာအတွင်း ကျော်ကြားလာခဲ့ပြီး လူများစွာကလည်း အလားတူ အားကစားအလေ့အထကို ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာကို သင်ဖို့ ကျွန်မတို့ကို မေးမြန်းလာခဲ့ကြတယ်” ဟု အာမင်၏ အစ်မဖြစ်သော ရှာဇာ ဘီရှရတ် (Shaza Bsharat) က ပြောခဲ့သည်။

ကလေး ၄ ဦး၏ မိခင်ဖြစ်သော အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့အနေဖြင့် နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ဆောင်နေမှုဟာ နောက်ဆုံးတွင် အောင်မြင်မှုရရှိခဲ့သဖြင့် ပျော်ရွှင်ရကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ရှာဇာနှင့် ၎င်း၏ မောင်နှမ ၆ ဦးတို့သည် ကရာတေးနည်းပြများအဖြစ် လုပ်ကိုင်လျက်ရှိသည်။ “ကျွန်မတို့ ကရာတေးလေ့ကျင့်မှုမှာ သင်တန်းသား မြောက်များစွာကို လေ့ကျင့်ပေးပြီး သူတို့ရဲ့ ဘဝမှာ အားကစားတွေကို အလေ့အကျင့်ဖြစ်လာစေဖို့ တွန်းအားပေးရာမှာ အောင်မြင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းသာပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)

——————————————-
(English Version)

32-member Palestinian family applies for Guinness world record for practicing karate
Source: Xinhua| 2021-04-21 03:18:20|Editor: huaxia

RAMALLAH, April 20 (Xinhua) — A 32-member Palestinian family from the West Bank’s city of Nablus completed the application for Guinness World Records, intending to be confirmed as the biggest family that practices karate.
The Bsharat family includes six men, five women and 21 children, and most of them perform other sports such as swimming, horse riding and boxing. Usually, the family members would gather in a local gymnasium for several hours a day to practice karate.
“It is rare to find a big family practicing such a sport,” Abdullah Bsharat, a karate coach, told Xinhua, saying that his family established the team in 1994.
Back then, it only started with two brothers, who learned from their father who was once a wrestler in Kuwait. Very quickly, the team started to expand, with other siblings and Abdullah himself joining in.
For 42-year-old Abdullah, karate was only a hobby at the beginning, but it then turned into a daily routine as well as a source of income after he became a coach.
The family has a goal of spreading karate practice among Palestinians and encourage them to treat sports as habits, Amin Bsharat, the eldest son of the family.
For decades, Palestinians have been suffering from political, economic and social crises, something that could have a negative impact on one’s psychological well-being.
“No one can deny that the new generation is busy with thinking how to escape our dire reality. They have become anxious, and they waste their time playing on mobile phones without understanding what damage it causes to their health,” the 45-year-old father of five said.
“The strong community needs strong people, who have healthy minds and bodies,” he said, adding that he and his siblings decided to bear their responsibility for the community by sharing their experience of karate practicing with others.
Intending to make a breakthrough, Bsharat and his family members announced that they would register for Guinness World Records as the most prominent family that practices karate.
“Since that time, we have become popular in our community and a lot of people asked us to teach them how they can adopt a similar sports habit,” said Shaza Bsharat, Amin’s sister.
The 38-year-old mother of four expressed her happiness as they have eventually achieved what they are working for for more than 20 years.
Now, Shaza and six of her siblings are working as coaches of karate. “We are so happy as we succeeded in training hundreds of students in practicing karate, as well as encouraging them to adopt sports in their life as a habit,” she said. ■
1-4-Members of Palestinian Bsharat family practice karate at a local gymnasium in the West Bank city of Nablus, on April 4, 2021. (Photo by Nidal Eshtayeh/Xinhua)