အစ္စလာမ်မာဘတ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်အင်မရန်ခန်း(Imran Khan) သည် COVID-19 ရောဂါကူးစက်ခံရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က မတ် ၂၀ ရက်တွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
ကိုလံဘို၊ မတ် ၂၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ အမျိုးသားဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (NMRA) သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Sinopharm COVID-19 ကာကွယ်ဆေးအား နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် မတ် ၂၀ ရက်တွင် အတည်ပြုခဲ့ကြောင်း ဆေးဝါးထုတ်လုပ်မှု၊ ပံ့ပိုးမှုနှင့် ထိန်းချုပ်ရေးဝန်ကြီး Channa Jayasumana...
ကွီတို၊ မတ် ၂၀ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနေစဉ်ကာလအတွင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Rodolfo Farfan သည် ဝန်ကြီးတာဝန်ကို ၁၉ ရက်ကြာထမ်းဆောင်ပြီးနောက် မတ်လ ၁၉ ရက်တွင် ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း အီကွေဒေါနိုင်ငံ သမ္မတရုံးမှ အတည်ပြုပြောကြားသည်။
ဘရပ်ဆဲလ်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအရေအတွက် ဆက်လက်မြင့်တက်လာသဖြင့် ရောဂါနှင့်ဆက်စပ်သော ကန့်သတ်ချက်များ ဖြေလျှော့ရေးအစီအစဉ်ကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Alexander De Croo က မတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။
ဘစ်ရှ်ကက်၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေးများကို ကာဂျစ္စတန်နိုင်ငံသို့ မတ် ၁၉ ရက်က လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ဆေးလှူဒါန်းခြင်း အခမ်းအနားကို မာနာ့စ်နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်ခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။