Connect with us

WORLD

တရုတ်နိုင်ငံက ကာကွယ်ဆေး အခမဲ့ပေးအပ်သဖြင့် ကာဂျစ္စတန်နိုင်ငံက ကျေးဇူးတင်ကြောင်းပြော

တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေးများ လှူဒါန်းခြင်းအခမ်းအနားကို ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ မာနာ့စ်နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်ရာ၌ ကာဂျစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Du Dewen (ရှေ့) မိန့်ခွန့်ပြောကြားနေစဉ် (ဆင်ဟွာ)

 

ဘစ်ရှ်ကက်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေးများကို ကာဂျစ္စတန်နိုင်ငံသို့ မတ် ၁၉ ရက်က လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ဆေးလှူဒါန်းခြင်း အခမ်းအနားကို မာနာ့စ်နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်ခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။

ကာဂျစ္စတန်နိုင်ငံကို ကူညီပေးသည့်အတွက် တရုတ်နိုင်ငံ အစိုးရကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏အခက်အခဲများကို ကျော်ဖြတ်လျက် ကာဂျစ္စတန်အား COVID-19 ကာကွယ်ဆေး ပံ့ပိုးပေးသည့် ပထမဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာကြောင်း ကာဂျစ်အစိုးရ၏ ကိုယ်စား ဝန်ကြီးချုပ် Ulukbek Maripov က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေးများ လှူဒါန်းခြင်းအခမ်းအနားကို ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ မာနာ့စ်နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်ရာ၌ ကာဂျစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Ulukbek Maripov မိန့်ခွန့်ပြောကြားနေစဉ် (ဆင်ဟွာ)

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ မာနာ့စ်နိုင်ငံတကာလေဆိပ်တွင် တရုတ်နိုင်ငံ Sinopharm ကာကွယ်ဆေးများ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

တရုတ်နိုင်ငံမှ ကာကွယ်ဆေးသည် နိုင်ငံတကာ အသိုင်းအဝိုင်း၌ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှု ရရှိထားကြောင်းနှင့် ၎င်းကာကွယ်ဆေးသည် ကာဂျစ္စတန်နိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေး၌ ကြီးမားစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း Maripov က ဆိုသည်။

“ကာဂျစ္စတန်အနေနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးမှာ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဖို့နဲ့ အတူတကွ လုပ်ဆောင်ဖို့ အသင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကာဂျစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Du Dewen ကလည်း ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကာဂျစ္စတန်နိုင်ငံအား အကူအညီများ ဆက်လက်ပံ့ပိုးရန်နှင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုမှာလည်း ကူးစက်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု၌ ထပ်မံခိုင်မာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“ကာကွယ်ဆေးအသစ်အတွက် ပြည်တွင်းလိုအပ်ချက် ကြီးမားနေသည့်ချိန်တွင် ကာဂျစ္စတန်နိုင်ငံအတွက် တရုတ်နိုင်ငံ၏ အခမဲ့ကူညီမှုသည် ကာဂျစ္စတန် အစိုးရနဲ့ ပြည်သူများအပေါ် တရုတ်နိုင်ငံ အစိုးရနဲ့ ပြည်သူများရဲ့ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို အပြည့်အဝဖော်ပြခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား အဆင့်မြင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးသည် ကာဂျစ္စတန်နိုင်ငံရှိ ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်သလို နိုင်ငံအတွင်း နေထိုင်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးအတွက်လည်း ကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကာကွယ်ဆေးများ အောင်မြင်စွာ ဖော်ထုတ်လျက်ရှိသော ပထမဆုံးနိုင်ငံများတွင် တစ်နိုင်ငံဖြစ်သလို ဤနယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း Du က အလေးထားပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ကာဂျစ္စတန်နဲ့အတူ ကပ်ရောဂါတိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်ရန်၊ တရုတ်-ကာဂျစ် ကျန်းမာရေးအသိုက်အဝန်း ကူညီတည်ဆောက်ရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးကျေးဇူးဖြစ်ထွန်းစေရန် ရပ်ဝန်းနှင့် ပိုးလမ်းမပူးတွဲတည်ဆောက်ရေး၌ နယ်ပယ်စုံတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါတယ်” ဟု တရုတ်နိုင်ငံ သံအမတ်က ဆိုသည်။

ကာဂျစ္စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ အစောပိုင်းကြေညာချက်အရ နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံခြင်း ပထမအဆင့်ကို မတ်လကုန်ပိုင်း သို့မဟုတ် ဧပြီလအစောပိုင်းတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Kyrgyzstan thanks China for free vaccine
Source: Xinhua| 2021-03-20 00:26:59|Editor: huaxia
BISHKEK, March 19 (Xinhua) — A batch of China’s Sinopharm vaccine was delivered to Kyrgyzstan on Friday, and a donation ceremony was held at the Manas International Airport, the Chinese embassy in Kyrgyzstan said in a press release.
On behalf of the Kyrgyz government, Prime Minister Ulukbek Maripov thanked the Chinese government for helping Kyrgyzstan, stressing that China, having overcome its difficulties, became one of the first countries to provide Kyrgyzstan with COVID-19 vaccine.
Maripov said that the vaccine from China has received wide recognition in the international community, and the vaccine will greatly help the Kyrgyz republic in the fight against the pandemic.
“Kyrgyzstan is ready to further intensify cooperation and work together with China in the fight against the epidemic,” he said.
Chinese Ambassador Du Dewen noted that China continues to provide assistance to Kyrgyzstan in the fight against the pandemic, and the friendship between the two countries has further strengthened in anti-epidemic cooperation.
“In the context of huge domestic demand for a new vaccine, China’s free aid to Kyrgyzstan fully demonstrates the deep friendship of the Chinese government and people toward the government and people of Kyrgyzstan and reflects the high level of comprehensive strategic partnership between the two countries,” the ambassador said.
Du expressed the hope that the vaccine will play an active role in combating the epidemic in Kyrgyzstan, as well as protecting the health and safety of the country’s residents. The ambassador also stressed that China, being one of the first countries in the world to have successfully developed vaccines, is actively pursuing international cooperation in this area.
“China is ready to continue to fight the epidemic side by side with Kyrgyzstan, to help build a Chinese-Kyrgyz health community and deepen cooperation in various fields in the joint construction of Belt and Road in order to benefit the peoples of the two countries,” the Chinese diplomat said.
Earlier, the Ministry of Health of Kyrgyzstan reported that the first stage of vaccination in the country will begin in late March or early April. Enditem
1-Chinese Ambassador to Kyrgyzstan Du Dewen (front) speaks at the donation ceremony of China’s Sinopharm vaccine at the Manas International Airport in Bishkek, Kyrgyzstan, March 19, 2021. A batch of China’s Sinopharm vaccine was delivered to Kyrgyzstan on Friday, and a donation ceremony was held at the Manas International Airport, the Chinese embassy in Kyrgyzstan said in a press release. On behalf of the Kyrgyz government, Prime Minister Ulukbek Maripov thanked the Chinese government for helping Kyrgyzstan, stressing that China, having overcome its difficulties, became one of the first countries to provide Kyrgyzstan with COVID-19 vaccine. (Photo by Roman/Xinhua)
2-Kyrgyz Prime Minister Ulukbek Maripov speaks at the donation ceremony of China’s Sinopharm vaccine at the Manas International Airport in Bishkek, Kyrgyzstan, March 19, 2021. A batch of China’s Sinopharm vaccine was delivered to Kyrgyzstan on Friday, and a donation ceremony was held at the Manas International Airport, the Chinese embassy in Kyrgyzstan said in a press release. On behalf of the Kyrgyz government, Prime Minister Ulukbek Maripov thanked the Chinese government for helping Kyrgyzstan, stressing that China, having overcome its difficulties, became one of the first countries to provide Kyrgyzstan with COVID-19 vaccine. (Photo by Roman/Xinhua)
3-A batch of China’s Sinopharm vaccine is transported by a cart at the Manas International Airport in Bishkek, Kyrgyzstan, March 19, 2021. A batch of China’s Sinopharm vaccine was delivered to Kyrgyzstan on Friday, and a donation ceremony was held at the Manas International Airport, the Chinese embassy in Kyrgyzstan said in a press release. On behalf of the Kyrgyz government, Prime Minister Ulukbek Maripov thanked the Chinese government for helping Kyrgyzstan, stressing that China, having overcome its difficulties, became one of the first countries to provide Kyrgyzstan with COVID-19 vaccine. (Photo by Roman/Xinhua)