Connect with us

News

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် COVID-19 ကူးစက်ခံရ ၊ ပြည်သူများ ကာကွယ်ဆေးအမြန်ဆုံး ထိုးနှံကြရန် တာဝန်ရှိသူများတိုက်တွန်း

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan (ဝဲ)က အစ္စလာမ်မာဘတ်မြို့၌ မတ် ၁၈ ရက်တွင် COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်အင်မရန်ခန်း(Imran Khan) သည် COVID-19 ရောဂါကူးစက်ခံရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က မတ် ၂၀ ရက်တွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

အမျိုးသားကျန်းမာရေးဝန်ဆောင်မှု ၊ စည်းမျဉ်းစည်းကမ်း နှင့် ညှိနှိုင်းဆောင်ရွက်မှု ဝန်ကြီးဌာနက ဝန်ကြီးချုပ်သည် ဗိုင်းရပ်စ်ကူးစက်ခံရချိန်တွင် ကာကွယ်ဆေး အပြည့်အဝ ( နှစ်ကြိမ်စလုံး) ထိုးနှံပြီးစီးခြင်း မရှိသေးကြောင်း လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှဝါမြို့တွင် မတ် ၂၀ ရက်က နှာခေါင်းစည်းများ အသီးသီး တပ်ဆင်ထားကြသော မိသားစုတစ်ခု ဆိုင်ကယ်စီးနှင်းနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ) 

ဝန်ကြီးချုပ်အနေဖြင့် ကာကွယ်ဆေးကို တစ်ကြိမ်သာ ထိုးနှံပြီးစီးသေးကြောင်း နှင့် ဆေးထိုးနှံမှုခံယူထားသည်မှာလည်း နှစ်ရက်သာ ကြာမြင့်သေးသည့်အတွက် ကာကွယ်ဆေး၏ သက်ရောက်မှု အာနိသင် မပြသေးကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ဆေးနှစ်လုံးထိုးရန် လိုအပ်သည့် ကိုဗစ်ကာကွယ်ဆေးများသည် ဆေးနှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီးနောက် ရက်သတ္တပတ် နှစ်ပတ် သို့မဟုတ် သုံးပတ်ကြာပြီးမှသာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ထွက်ပေါ်ကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ အမျိုးသားလမ်းညွှန်မှု နှင့် စီမံခန့်ခွဲမှုဌာန(NCOC) ဥက္ကဌ Asad Umar က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် “ သူ (ဝန်ကြီးချုပ်) ဟာ မတ် ၁၈ ရက် ညနေပိုင်းက ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့တယ် ၊ နောက်နေ့မှာတော့ ရောဂါလက္ခဏာအချို့ပြတယ် ၊ ဒါကြောင့် ဝန်ကြီးချုပ်ဟာ ကာကွယ်ဆေး မထိုးခင်ကတည်းက ရောဂါကူးစက်ခံထားရပြီးဆိုတာ ထင်ရှားတယ် ၊ ဘာကြောင့်လဲဆိုတော့ COVID-19 ဟာ ကူးစက်ခံရပြီး ရက်အနည်းငယ်ကြာမှသာ ရောဂါလက္ခဏာပြတာပါ”ဟု ဆိုသည်။

ပါကစ္စတန်နိုင်ငံ စီမံကိန်း ၊ ဖွံ့ဖြိုးရေး နှင့် အထူးအကောင်အထည်ဖော်မှုဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ Umar က ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုခံယူရန် လိုအပ်ကြောင်း နှင့် အစိုးရအစီအစဉ်ဖြင့် မကြာမီကာလအတွင်း ရရှိမည့် ကာကွယ်ဆေးများကို အကြုံဝင်သည့် ပြည်သူအားလုံး ထိုးနှံမှုခံယူကြရန် မီးမောင်းထိုး ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်ရုံး၏ သတင်းအရင်းအမြစ်များက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ဝန်ကြီးချုပ်ခန်းတွင် ပြင်းထန်သော ရောဂါလက္ခဏာတစ်စုံတစ်ရာပြသခြင်းမရှိကြောင်း ၊ သာမန် နှာစီးချောင်းဆိုး လက္ခဏာသာတွေ့ရကြောင်း ၊ ၎င်းအနေဖြင့် သီးသန့် စံအိမ်တော်တွင် သီးခြားခွဲ၍ နေထိုင်လျက်ရှိကြောင်း နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ဝန်ကြီးချုပ်အနေဖြင့် ရောဂါကူးစက်ခြင်းမခံရမီ ရက်အနည်းငယ်အကြာက ဝန်ကြီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးသည် COVID-19 ရောဂါကူးစက်ခံခဲ့ရကြောင်း နှင့် ယင်းအရာရှိ၏ ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အရင်းအမြစ်များထံမှ သိရသည်။ပါကစ္စတန်နိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်မှုလှိုင်း အပြင်းအထန်ခံစားနေရပြီး ရောဂါပြန့်နှံ့မှုအားထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်းစံနှုန်းများအတိုင်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

—————————————
(English Version)

Pakistani PM tests positive for COVID-19, official urges public to get vaccinated as soon as possible

ISLAMABAD, March 21 (Xinhua) — Pakistani Prime Minister Imran Khan has tested positive for COVID-19, Special Assistant to the Prime Minister on Health Faisal Sultan said on social media Saturday.

The Ministry of National Health Service, Regulations and Coordination said on social media that the prime minister was not fully vaccinated when he contracted the virus.
He only got the first dose and merely two days ago which is too soon for any vaccine to become effective, said the ministry, adding that anti-bodies develop two to three weeks after the 2nd dose of the two-dose COVID vaccines.

Asad Umar, chairman of the country’s National Command and Operation Center (NCOC), told Xinhua “He (Khan) got vaccinated on Thursday evening and felt some signs of the disease on the next day, so obviously he was infected before being vaccinated because the COVID-19 symptoms take a few days to manifest.”
Umar, who is also the minister for planning, development and special initiative, highlighted the need of vaccination for the public and urged all eligible people to receive vaccine provided by the government as soon as possible.

Sources from the prime minister’s office told Xinhua on condition of anonymity that Khan does not show any apparent signs and shows only some mild symptoms of coughing, adding that Khan quarantined himself at his private residence and will continue official business through video conferencing.
The sources said one of the senior officials of the prime minister’s office got infected with the virus a few days before the prime minister was infected, and had been shifted to a hospital after his condition got serious.
Pakistan is facing a serious third wave of the virus and the government is taking steps to ensure the standard operating procedures to control the spread of the virus.

(1) Pakistani Prime Minister Imran Khan (L) receives a dose of COVID-19 vaccine in Islamabad, Pakistan, March 18, 2021. (Press Information Department of Pakistan/Handout via Xinhua)

(2) A family wearing face masks ride on a motorbike in northwest Pakistan’s Peshawar on March 20, 2021. (Photo by Saeed Ahmad/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.