ပါရီ၊ မတ် ၂၀ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနှုန်း သိသိသာသာ လျင်မြန်လာခြင်းကြောင့် မတ် ၁၉ ရက် ညသန်းခေါင်ယံမှစ၍ ပြည်နယ် (၁၆) ခုတွင် အနည်ဆုံး ရက်သတ္တပတ် (၄) ပတ်ကြာ Lockdown အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castex...
မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်အား နှစ်နိုင်ငံ ဆက်ဆံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်အတွက် အွန်လိုင်းအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားလိုကြောင်း မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ မတ် ၁၉ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံသည် COVID-19 ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန် အမေရိကန်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသော နယ်စပ်တစ်လျှောက် ဖြတ်ကျော်ကာ မဖြစ်မနေမဟုတ်သော ခရီးသွားလာခြင်းများအတွက် ကန့်သတ်မှုကို နောက်တစ်လသက်တမ်းတိုးရန်နှင့် ၎င်း၏တောင်ပိုင်းနယ်စပ်တွင်လည်း အလားတူ ဆောင်ရွက်မှုမျိုးလုပ်ဆောင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) မတ်လ ၁၅ ရက်တွင် လာအိုနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၄၀,၇၀၀ ကျော်ကို ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း လာအိုသတင်းအေဂျင်စီ (KPL) က မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ပြည်နယ်များနှင့် ပြည်သူများအနေဖြင့် ရောဂါ ဘေးကင်းမှု ကာကွယ်ရေး ဆောင်ရွက်ချက်များကို သတိထားလိုက်နာခြင်းမပြုပါက COVID-19 တစ်ကျော့ပြန်ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။