Connect with us

WORLD

ပြည်နယ် (၁၆) ခုတွင် Lockdown အစီအမံများ ဆောင်ရွက်သွားမည်ဟု ပြင်သစ်ကြေညာ

ပြင်သစ်နိုင်ငံ ပါရီမြို့၏မြင်ကွင်းများအား မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနှုန်း သိသိသာသာ လျင်မြန်လာခြင်းကြောင့် မတ် ၁၉ ရက် ညသန်းခေါင်ယံမှစ၍ ပြည်နယ် (၁၆) ခုတွင် အနည်ဆုံး ရက်သတ္တပတ် (၄) ပတ်ကြာ Lockdown အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castex က မတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ပြင်သစ်တွင် ထပ်တိုးအတည်ပြုလူနာ ဦးရေ (၂၃.၆) ရာခိုင်နှုန်း တိုးပွားလာကြောင်း Jean Castex က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထိုတိုးပွားလာမှုက ပြင်သစ်တွင် ကပ်ရောဂါ တတိယလှိုင်း၏အရိပ်လက္ခဏာပို၍ သိသာစွာ ပြသလာခြင်းဖြစ်ကြောင်း၊ အစောပိုင်း ဗြိတိန်တွင် တွေ့ရှိရသည့် ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ပြစ်သစ်တွင် အရှိန်တိုးကူးစက်မှုများ ရှိခဲ့ကြောင်း ဆိုသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၏မြင်ကွင်းများအား မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့၏မြင်ကွင်းများအား မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတစ်ဝှမ်း ကပ်ရောဂါအခြေအနေသည် ဒေသအလိုက်ကွဲပြားမှုများစွာရှိရာ ၎င်းတို့အနက် Île-de-France ဒေသတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းသည် လူ (၁) သိန်းလျှင် (၄၄၆)ဦးနှင့် Hauts-de-France ဒေသတွင် လူ (၁) သိန်းလျှင် (၃၈၁)ဦးဖြစ်ကြောင်း ၊ ၎င်းဒေသကြီး နှစ်ခုတွင် ရောဂါဖြစ်ပွားမှုနှုန်းသည် ကပ်ရောဂါ ဒုတိယလှိုင်း၏အခြေအနေ သို့မဟုတ် ယင်းအခြေအနေထက် ကျော်လွန်နိုင်ကြောင်း Jean Castexက ဆိုသည်။

ဗိုင်းရပ်စ်ပြန့်ပွားမှု ပို၍လျင်မြန်လာခြင်းနှင့်အတူ ဆေးရုံများ၏ဝန်ပိအား တိုးပွားလာခြင်းကြောင့် အစိုးရအနေဖြင့် ပိုမိုတင်းကျပ်သည့် ရောဂါကာကွယ်ရေးမူဝါဒများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Jean Castex က ပြောကြားခဲ့သည်။

မတ် ၁၉ ရက် ညသန်းခေါင်းယံမှစ၍ Île-de-France ဒေသရှိ ပြည်နယ် (၈)ခု၊ Hauts-de-France ဒေသရှိ ပြည်နယ်(၅)ခု၊ Alpes-Maritimes ပြည်နယ်၊ Seine-Maritime ပြည်နယ်နှင့် Eure ပြည်နယ်တို့တွင် အနည်ဆုံး ရက်သတ္တပတ်(၄)ပတ်ကြာ Lockdown နည်းလမ်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မရှိမဖြစ်နေ့စဉ်သုံးပစ္စည်းအရောင်းဆိုင်များသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ လူထုအနေဖြင့် အပြင်ထွက်ခွင့်ထောက်ခံစာကိုင်ဆောင်ထားပါက နေ့ပိုင်းတွင် အချိန်အကန့်အသတ်မရှိ နေအိမ်ပတ်လည် (၁၀) ကီလိုမီတာအတွင်း လမ်းလျှောက်အားကစားလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အထူးအခြေအနေမရှိပါက ဒေသဖြတ်ကျော် ခရီးသွားလာမှုစသည်တို့ကို ကန့်သတ်ထားကြောင်း သိရသည်။

နွေရာသီရောက်ရှိလာခြင်းကြောင့် တစ်နိုင်ငံလုံး၏ ညမထွက်ရ ကန့်သတ်ချိန်ကို မတ် ၂၀ ရက်မှစ၍ လက်ရှိသတ်မှတ်ထားသော ၁၈:၀၀ နာရီမှ ၁၉:၀၀ နာရီသို့ နောက်ဆုတ်ပေးလိုက်ကြောင်း၊ ထို့ပြင် AstraZeneca ထိုးနှံမှုကို မတ် ၁၉ ရက်မှစ၍ ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း Jean Castex က ကြေညာခဲ့သည်။

ပြင်သစ်အစိုးရဝက်ဘ်ဆိုက်၏ မတ် ၁၈ ရက်တွင် ထုတ်ပြန်သည့် ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအရ ယင်းနေ့ ၁၄:၀၀ နာရီအထိ ပြင်သစ်တွင် ၂၄ နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ (၃၄,၉၉၈)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၄,၁၈၁,၆၀၇)ဦး၊ စုစုပေါင်း သေဆုံးသူ (၉၁,၆၇၉)ဦး ရှိကြောင်း သိရသည်။ (Xinhua)
 
———————————–
(Chinese Version)
(国际疫情)法国宣布在16个省执行封闭隔离措施
2021-03-19 13:49:35
 新华社巴黎3月18日电(记者陈晨)法国总理卡斯泰18日宣布,“法国新冠病毒传播速度明显加快”,自19日午夜起在16个省执行至少为期4周的封闭隔离措施。
卡斯泰在当日举行的新闻发布会上说,过去一周法国新增确诊病例数增加了23.6%,这表明法国出现第三波疫情的迹象越来越明显;最早在英国发现的变异病毒在法传播加速;  全国不同地区疫情形势差别很大,其中法兰西岛大区新冠发病率为每10万居民446例,上法兰西大区每10万居民381例,这两个大区的发病率均达到或甚至超过第二波疫情时期的高峰值。
  卡斯泰说,随着病毒加速传播,医院压力增大,政府将采取更严格的防疫政策。自19日午夜起,法兰西岛大区所辖8个省、上法兰西大区所辖5个省、滨海阿尔卑斯省、滨海塞纳省和厄尔省开始执行至少为期4周的封闭隔离措施:只有出售生活必需品的商店可以营业;民众在持有外出证明的前提下,可于白天在离住所方圆10公里内不限时外出散步和进行体育活动;除特殊原因外,限制跨地区旅行等。
 卡斯泰还宣布,受法国即将进入夏令时影响,从20日开始,全国每天宵禁的开始时间将从目前的18时延后到19时。此外,法国自19日起恢复接种阿斯利康新冠疫苗。
 法国政府网站18日公布的新冠疫情数据显示,截至当天14时,法国24小时内新增确诊病例34998例,累计确诊4181607例,累计死亡91679例。(完)

新华社照片,巴黎,2021年3月19日
(国际疫情)法国宣布在16个省执行封闭隔离措施
3月19日,戴口罩的行人从法国巴黎战神广场走过。