ကွီတို၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီမှ ကာကွယ်ဆေး ပထမအသုတ်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထိုက်ယွမ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လေ့လာရေးဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဧပြီ ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးတိုက်ဖျက်ရေးဌာန၏ ဧပြီ ၈ ရက်ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းသဖြင့် ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့် ရာသီဥတုကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်းမှာ ၁၆၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၄၅ ဦး ပျောက်ဆုံးနေကြောင်း...
ရောမ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အသစ်ထွက်ရှိခဲ့သည့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း လစဉ်အစီရင်ခံစာအရ မတ်လတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများက ၁၀ လမြောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းတွင် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ကဧပြီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
မနီလာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အင်မတန်ရှားပါးလှသော ဆိုးကျိုးသက်ရောက်မှုကြောင့် AstraZeneca COVID-19 ကာကွယ်ဆေးနှင့် သွေးခဲခြင်းအကြား ကြောင်းကျိုးဆက်နွယ်သောဆက်စပ်မှု သတင်းများ ထွက်ပေါ်လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများအား AstraZeneca COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ယာယီဆိုင်းငံ့ကြောင်း ဧပြီ ၈ ရက်က ကြေညာခဲ့ကြောင်း...