Connect with us

WORLD

ဖိလစ်ပိုင်နိုင်ငံတွင် အသက် ၆၀ နှစ် အောက်ပြည်သူများအား AstraZeneca COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်းငံ့

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ လူသွားလူလာများပြားသောလမ်းတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အင်မတန်ရှားပါးလှသော ဆိုးကျိုးသက်ရောက်မှုကြောင့် AstraZeneca COVID-19 ကာကွယ်ဆေးနှင့် သွေးခဲခြင်းအကြား ကြောင်းကျိုးဆက်နွယ်သောဆက်စပ်မှု သတင်းများ ထွက်ပေါ်လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများအား AstraZeneca COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ယာယီဆိုင်းငံ့ကြောင်း ဧပြီ ၈ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

“ဖိလစ်ပိုင် ကာကွယ်ဆေး ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ ကာကွယ်ဆေးအသုံးပြုခြင်းဆိုင်ရာ သင့်လျော်တဲ့ ထောက်ခံချက်တွေ သေချာလုပ်ဖို့ ဒီလိုအသစ်ဖြစ်ပေါ်လာမှု အချက်အလက်တွေကို ဂရုတစိုက် ပြန်လည်သုံးသပ်နေပါတယ်” ဟု ကျန်းမာရေးဦးစီးဌာန (DOH) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် “AstraZeneca ကာကွယ်ဆေးရဲ့ အင်မတန်ရှားပါးလှသော သက်ရောက်မှုအဖြစ် သွေးခဲမှုဖြစ်စေတယ်လို့ ဥရောပဆေးဝါးအေဂျင်စီရဲ့ အကြံပြုထားချက်ကို သိရှိထားပါတယ်” ဟု FDA ညွှန်ကြားရေးမှူး Enrique Domingo က ပြောခဲ့သည်။

“FDA က ကျွမ်းကျင်သူများက လုပ်ဆောင်နေတဲ့ သုံးသပ်ချက်ရလဒ်တွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တရားဝင်လမ်းညွှန်ချက်တွေကို စောင့်ဆိုင်းနေတဲ့အတွက် အသက် ၆၀ နှစ်အောက် လူပုဂ္ဂိုလ်တွေအတွက် ကာကွယ်ဆေး အသုံးပြုမှုကို ယာယီဆိုင်းငံ့ထားဖို့ အကြံပြုထားပါတယ်” ဟု Domingo က ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌မူ AstraZeneca ကာကွယ်ဆေး ဆိုးကျိုးသက်ရောက်မှုနှင့် သက်ဆိုင်သည့်သတင်းများ မရှိသေးကြောင်း ၎င်းက ဆိုသည်။ “သို့ရာတွင် DOH နှင့် FDA အနေဖြင့် ဆိုးကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိလာနိုင်ခြေတွေကို ဆန်းစစ်ဖို့နဲ့ သင့်တင့်မျှတစွာ စီမံနိုင်ဖို့ ကာကွယ်ဆေးထိုးနှံမှုကို ဂရုတစိုက် စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဧပြီ ၇ ရက်အထိ သေဆုံးသူ ၁၄,၀၅၉ ဦး အပါအဝင် COVID-19 အတည်ပြုလူနာ ၈၁၉,၁၆၄ ဦးရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းကို တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ် မနီလာမြို့သို့ ရောက်ရှိပြီးနောက်တစ်နေ့ မတ်လ ၁ ရက်၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံများစွာ COVID-19 ကာကွယ်ဆေး သာတူညီမျှ ရရှိရန် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဦးဆောင်လျက်ရှိသော COVAX အစီအစဉ်မှ AstraZeneca ကာကွယ်ဆေး အသုတ်တစ်သုတ် ပြီးခဲ့သည့်လက လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ အစိုးရသည် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများမှ စတင်ကာ ယခုနှစ်အတွက် နိုင်ငံသား သန်း ၇၀ ကာကွယ်ဆေး ထိုးနှံပြီးလူထုအတွင်း ကိုယ်ခံအား စနစ်ရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Philippines suspends AstraZeneca COVID-19 vaccination in people under 60
2021-04-08 16:17:04
MANILA, April 8 (Xinhua) — The Philippines on Thursday announced a temporary suspension of injecting the AstraZeneca COVID-19 vaccine to people aged under 60, following reports of a causal link between the vaccine and blood clotting as a very rare adverse effect.
“(The Philippine vaccine) experts are carefully reviewing information pertinent to this new development to craft appropriate recommendations on the vaccine’s use,” the Department of Health (DOH) and the Food and Drug Administration (FDA) said in a joint statement.
FDA Director General Enrique Domingo said the Philippines is “aware of the European Medicines Agency recommendation to list blood clots as very rare side effects of the AstraZeneca vaccine.”
“The FDA has recommended to temporarily suspend the use of the vaccine for persons below 60 years old as we await results of the review being done by our experts, (and) the official guidance of the World Health Organization,” Domingo said.
He said there has been no reports of adverse effects of the AstraZeneca vaccine in the country so far. “Nonetheless, the DOH and FDA are carefully monitoring the rollout of vaccines to identify and appropriately manage any possible adverse events,” he added.
As of Wednesday, the Philippines has reported 819,164 confirmed cases of COVID-19, including 14,059 deaths.
The Philippines kicked off its vaccination drive on March 1, a day after China’s first batch of donated Sinovac COVID-19 vaccines arrived in Manila.
It received last month a batch of AstraZeneca vaccines from the COVAX facility, a WHO-led initiative aims to ensure equal access to COVID-19 vaccines for various countries.
The Philippine government aims to inoculate up to 70 million Filipinos this year to achieve herd immunity, starting with health care workers and the elderly. Enditem
People wearing protective masks are seen at a busy street in Manila, the Philippines, March 20, 2021. The Philippines reported on Saturday 7,999 new COVID-19 infections, the highest daily tally since the outbreak began in January last year, raising the nationwide tally in the Southeast Asian country to 656,056. (Xinhua/Rouelle Umali)