Connect with us

International Organizations

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) က ကမ္ဘာပေါ်ရှိစားသောက်ကုန်ဈေးနှုန်းမှာ ၇ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာကြောင်း ထုတ်ပြန်ကြေညာ

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျေးရွာတစ်ခုရှိ ဂျုံစိုက်ခင်းတွင် တောင်သူတစ်ဦး လုပ်ငန်းဆောင်ရွက်နေသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရောမ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အသစ်ထွက်ရှိခဲ့သည့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း လစဉ်အစီရင်ခံစာအရ မတ်လတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများက ၁၀ လမြောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းတွင် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ကဧပြီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

အစီရင်ခံစာအရ မတ်လ၏ FAO စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းမှာ ၁၁၈.၅ ဖြစ်ပြီး ယခင်လစာရင်းပြုစုချက်ထက် ၂.၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ၊ ၎င်းတို့အနက် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းမှာ ၈ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး လက်ရှိ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ရောက်ရှိလာခဲ့ကြောင်း ၊ နို့ထွက်ပစ္စည်း နှင့် အသားငါး ဈေးနှုန်းညွှန်းကိန်းမှာ ယခင်စာရင်းပြုစုချက်ထက် ၃.၉ နှင့် ၂.၃ ရာခိုင်နှုန်းအသီးသီး တိုးမြင့်လာခဲ့ကြောင်း ၊ မတ်လတွင် စီရီရယ် နှင့် သကြားဈေးနှုန်းက ယခင်လစာရင်းပြုစုချက်ထက် ကျဆင်းမှုရှိလာသော်လည်း ယခင်နှစ်အလားတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမှာ များစွာမြင့်တက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၏ ဂျုံထွက်နှုန်းမှာ အလားအလာကောင်းမွန်နေကြောင်း ၊ FAO ၏ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်၏ ကမ္ဘာ့စီရီရယ် ထွက်နှုန်းမှာ ၃ နှစ်မြောက်အဖြစ် ဆက်လက်၍ မြင့်တက်လာမည်ဖြစ်ကြောင်း ၊ ၎င်းတို့အနက် ကမ္ဘာ့ဂျုံထွက်နှုန်းမှာ တန်ချိန် ၇၈၅ သန်းရှိမည်ဟုခန့်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်ထက် ၁.၄ ရာခိုင်နှုန်းတိုးမြင့်မည်ဖြစ်ကာ ပြောင်းဖူးထွက်နှုန်းမှာလည်း ပျမ်းမျှထွက်နှုန်းထက် မြင့်တက်မည်ဖြစ်ကြောင်း သိရှိရသည်။

FAO စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းသည် တစ်လတစ်ကြိမ်ထုတ်ပြန်ကြေညာလေ့ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးတွင် ကုန်သွယ်မှုအတက်ကြွဆုံးသော စားသောက်ကုန်၏ နိုင်ငံတကာဈေးနှုန်းအပြောင်းအလဲကို တွက်ချက်ခြင်းဖြစ်ကြောင်း ၊ ယင်းညွှန်းကိန်းအား စီရီရယ် ၊ ဟင်းသီးဟင်းရွက်ဆီ ၊ နို့ထွက်ပစ္စည်း ၊ အသားငါး နှင့် သကြား စသည့် ကုန်ပစ္စည်း ၅ မျိုး ဈေးနှုန်းညွှန်းကိန်း၏ Weighted arithmetic mean ဖြင့် တည်ဆောက်ထားကြောင်း သိရှိရသည်။ (Xinhua)
————————————
(Chinese Version)
(经济)联合国粮农组织:全球食品价格升至近7年来最高水平
2021-04-09 10:21:33 分类: 行业经济
  新华社罗马4月8日电(记者叶心可)联合国粮食及农业组织8日发布的全球食品价格最新月度报告显示,3月全球食品价格连续第10个月上涨,达到2014年6月以来最高水平。
  报告显示,3月粮农组织食品价格指数为118.5点,环比上升2.1%。其中,植物油价格环比上升8%,达到近10年来最高水平;乳制品及肉类价格指数分别环比增长3.9%和2.3%。当月,谷物及食糖价格指数环比下跌,但与去年同期相比仍有较大涨幅。
  报告还指出,2021年谷物作物产量前景乐观。粮农组织预计,2021年世界谷物产量将连续第3年增长。其中,全球小麦产量预计为7.85亿吨,较2020年增长1.4%;玉米预期产量也高于平均水平。
  粮农组织食品价格指数每月发布一次,用来衡量全球贸易中最活跃的食品类商品国际价格变化。该指数由谷物、植物油、乳制品、肉类和食糖5个商品类别价格指数的加权平均数构成。(完)

Photo
5月20日,河南省武陟县大虹桥乡西小虹村农民在麦田里忙碌。 当日是二十四节气中的小满。 新华社发(冯小敏 摄)