Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ဆိုးရွားသည့် သဘာဝဘေးကျရောက်မှုကြောင့် သေဆုံးသူ ၁၆၅ ဦးအထိ ရောက်ရှိလာ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ Nusa Tenggara ပြည်နယ်တွင် ဧပြီ ၆ ရက်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးတိုက်ဖျက်ရေးဌာန၏ ဧပြီ ၈ ရက်ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းသဖြင့် ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့် ရာသီဥတုကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်းမှာ ၁၆၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၄၅ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးတိုက်ဖျက်ရေးဌာန ဌာနမှူး Doni Monardo က အင်ဒိုနီးရှားနိုင်ငံ အရှေ့ Nusa Tenggara ပြည်နယ်တွင် လူပေါင်း ၁၆၃ ဦးသေဆုံးခဲ့ပြီး အနောက် Nusa Tenggara ပြည်နယ်တွင် လူ ၂ ဦးသေဆုံးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် သဘာဝဘေးဒုက္ခသည်ပေါင်း ၂ သောင်းကျော်ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအစိုးရ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၇,၅၀၀ ကျော်ကို နေရာရွှေ့ပြောင်းရေး နှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရန် စေလွှတ်ပေးခဲ့ကြောင်း ဧပြီ ၈ ရက်၌ ပြောကြားခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ Nusa Tenggara ပြည်နယ် သဘာဝဘေးသင့်ဒေသ၌ ဧပြီ ၆ ရက်တွင် သေဆုံးခဲ့သူကို သယ်ဆောင်နေစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ Nusa Tenggara ပြည်နယ်ရှိ ပျက်စီးသွားသည့် တံတားတစ်စင်းအား ဧပြီ ၇ ရက်တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဧပြီ ၄ ရက်တွင် အရှေ့ Nusa Tenggara ပြည်နယ်ကို ဖြတ်သန်းသွားသည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးခြင်းနှင့် တောင်ပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့သည်။ သဘာဝဘေးကြောင့် လူများသေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် အများပြည်သူအဆောက်အုံ ၁၁၅ ခု နှင့် နေအိမ်ပေါင်း ၁၃,၆၀၀ ကျော်တို့က အတိုင်းအတာအမျိုးမျိုး ပျက်စီးသွားခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရ အနေဖြင့် နေရာရွှေ့ဆိုင်းခဲ့ရသော ဒုက္ခသည်များအား ယာယီတဲ ၊ စောင် နှင့် အစားအသောက်များကို ထောက်ပံ့ပေးခဲ့ကြောင်း ၊ ရှာဖွေကယ်ဆယ်ရေး နှင့် စာရင်းပြုစုမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လာသည်နှင့်အမျှ သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှု တို့က ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际)印尼极端天气灾害已造成165人死亡
2021-04-09 00:05:28 分类: 天气环保
  新华社雅加达4月8日电(记者余谦梁 郑世波)印度尼西亚国家抗灾署8日通报,印尼日前由热带气旋带来的极端天气已导致165人死亡、45人失踪。
  印尼国家抗灾署署长多尼当天表示,东努沙登加拉省有163人死亡,西努沙登加拉省有2人死亡。目前已有2万多灾民被紧急撤离。印尼政府出动7500多名军警参与撤离和搜救行动。
  4日过境东努沙登加拉省的热带气旋“塞罗亚”带来的暴雨引发洪水、泥石流、山体滑坡等灾害。除了人员伤亡,还有115座公共设施和13600多所房屋遭到不同程度的损坏。
印尼政府向被撤离的灾民提供了帐篷、毯子和食物等。随着搜救和统计工作的继续,伤亡人数和财产损失预计还将上升。(完)

Photo1- 4月6日,救援人员在印度尼西亚东努沙登加拉省的受灾区域开展工作。 新华社发
Photo2- 4月6日,救援人员在印度尼西亚东努沙登加拉省的受灾区域转移遇难者遗体。新华社发
Photo3- 这是4月7日在印度尼西亚东努沙登加拉省拍摄的一座被损毁的桥梁。新华社发