ဘဲလ်ဂရိတ် ၊မတ် ၇ ရက်(ဆင်ဟွာ) ဆားဗီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ပေးပို့သော COVID-19 ကာကွယ်ဆေး တတိယသုတ်ကို မတ် ၅ ရက်က လက်ခံရရှိကြောင်း ဆားဗီးယားသမ္မတ Aleksandar Vucic ကပြောကြားခဲ့သည်။
ရောမ၊ မတ် ၇ ရက်(ဆင်ဟွာ) ယခုကာလများတွင် နိုင်ငံတကာ စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာမှုသည် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်နေမှုကို ပိုမို၍ဆိုးဝါးလာစေနိုင်ကြောင်း၊ အထူးသဖြင့် အင်အားလျော့နည်းလူအုပ်စုများ၊ စားနပ်ရိက္ခာအခက်အခဲနှင့်ငတ်မွတ်ခေါင်းပါးသူများအတွက် ပို၍ ဆိုးဝါးနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)ဈေးကွက်လေ့လာသုံးသပ်သူ Shirley Mustafaက ပြီးခဲ့တဲ့ရက်များတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဘန်ဒါဆာရီဘီဂါဝန်၊မတ် ၇ ရက်(ဆင်ဟွာ) ဘရူနိုင်းနိုင်ငံက လူမှုဘဝခပ်ခွာခွာနေထိုင်ခြင်းကန့်သတ်ချက်များကို လျှော့ချပေးကာ မတ်လ ၈ ရက်မှ စတင်၍ လူအုပ်စုအခမ်းအနားများကျင်းပခြင်းအပါအဝင် အရေးပါသော လူမှုရေးပွဲလမ်းသဘင်အခမ်းအနားများအတွက် ပုံမှန်ဘဝနေထိုင်မှုအသစ်ဖြင့် လုပ်ဆောင်ရန် ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း မတ် ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
စင်ကာပူ၊မတ် ၇ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် မတ် ၆ ရက်က COVID-19 အတည်ပြုလူနာသစ် ၁၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၆၀,၀၂၀ ဦးထိ ရှိလာခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန(MOH)က ထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ မတ် ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လာသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောလျက်ရှိရာ COVID-19 ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များ (vaccine passports) နှင့် ကွာရန်တင်း ကင်းလွတ်ခွင့်များကို စဉ်းစားလျက်ရှိကြောင်း သိရသည်။