ဂျီနီဗာ၊ မတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် နိုင်ငံအမြောက်အမြားတွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်အသွင် ပေါ်လွင်လာပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အများဆုံးဖြစ်ပွားရာ ဝူဟန့်မြို့တွင် COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် မတ် ၉ ရက်၌ အများပြည်သူအသုံးပြုသော အဆောက်အအုံမှ ယာယီဆေးရုံအဖြစ် ပြောင်းလဲထားသည့် နောက်ထပ်ဆေးရုံတစ်ရုံကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 ဖြစ်ပွားရာ ဟူပေပြည်နယ်၊ ဝူဟန့်မြို့သို့ ယနေ့ (မတ် ၁၀ ရက်) ရောက်ရှိလာပြီးနောက် ဟောဆန်ဆန်းဆေးရုံသို့ ချက်ချင်းသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ မတ် ၁၀ ရက်(ဆင်ဟွာ) မတ် ၉ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန်(ET) ၂၀ နာရီခန့်အထိ အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၀၅ ဦး ရှိပြီး သေဆုံး သူ ၂၂ ဦးရှိကြောင်း Johns Hopkins တက္ကသိုလ်၏...
ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) သို့ ပေးအပ်လှူဒါန်းမည့် တရုတ်နိုင်ငံ၏ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ကမာ္ဘလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ခံအားပေးရန် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရာတွင် အသုံးပြုသွားရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang...