Connect with us

WORLD

ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရန် COVID-19 ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များ စဉ်းစားလျက်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Erawan ဘုရားတွင် မျက်နှာအကာတပ်ဆင်လျက် သရုပ်ဖော်ကပြနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လာသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောလျက်ရှိရာ COVID-19 ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များ (vaccine passports) နှင့် ကွာရန်တင်း ကင်းလွတ်ခွင့်များကို စဉ်းစားလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များအား လေ့လာရန် နိုင်ငံခြားရေးဝန်ကြီးဌာနအား ညွှန်ကြားထားခဲ့ကြောင်း၊ “ကျွန်တော်တို့ အစီအစဉ်ကို ထုတ်ဖော်ပြောကြားမယ်လို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံက ကျွန်တော်တို့နဲ့ ပထမဆုံးညှိနှိုင်းရမယ့် နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မယ်” ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က ဆင်ဟွာနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

ကနဦးအစီအစဉ်တွင် ထိုင်းနိုင်ငံသို့ လာရောက်မည့် ကာကွယ်ဆေးထိုးနှံပြီးသည့် ဧည့်သည်များအတွက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ မဖြစ်မနေ အချိန်နှစ်ပတ်ကြာ ကွာရန်တင်းဝင်ခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်းနှင့် ကန့်သတ်မှုဆောင်ရွက်ချက်အချို့ ဖြေလျှော့ပေးခြင်းများ ပါဝင်မည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသော ထိုင်းခရီးသွားဧည့်သည်များအပေါ် အခြားသောနိုင်ငံများမှ တူညီသော ပြုမူဆက်ဆံမှုကိုလည်း လိုအပ်မည်ဖြစ်ကြောင်း Wissanu က ပြောခဲ့သည်။

သို့သော်လည်း အစိုးရအနေဖြင့် အဆိုပါအစီအစဉ် အကောင်အထည်ဖော်ရေးအတွက် အသေးစိတ် အချက်အလက်များနှင့် တိကျသောဆောင်ရွက်ချက်များ ပြုလုပ်ရန် အချိန်လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်က ပြည်ပခရီးသွားဧည့်သည် သန်း ၄၀ ခန့်လက်ခံနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က ၆.၇ သန်းသာ ဝင်ရောက်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော ထိုင်းနိုင်ငံအနေဖြင့် ယမန်နှစ်က ယခင်ကာလတူနှင့် နှိုင်းယှဥ်ပါက ၆.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၁၉၉၈ ခုနှစ်မှစ၍ အဆိုးဝါးဆုံး ကျဆင်းမှုလည်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဗဟိုဘဏ်ဖြစ်သော Bank of Thailand ကလည်း နိုင်ငံစီးပွားရေး၏ ၁၅ ရာခိုင်နှုန်းကျော်ရှိသော ခရီးသွားလုပ်ငန်းကဏ္ဍကို စီးပွားရေးပြန်လည်နာလန်ထူရန် အဓိကအချက်အဖြစ် ရှုမြင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Thailand mulls COVID-19 vaccine passports to boost tourism sector
Source: Xinhua| 2021-03-05 23:32:33|Editor: huaxia
BANGKOK, March 5 (Xinhua) — Thailand is considering COVID-19 vaccine passports and quarantine exemption amid efforts to boost the ailing tourism sector as inoculation rolled out worldwide.
Thai Prime Minister Prayut Chan-o-cha has ordered the foreign ministry to conduct a study into the vaccine passports. “If we decide to unveil the plan, China will be among the first countries that we’re going to negotiate with,” Thai Deputy Prime Minister Wissanu Krea-ngam said in an exclusive interview with Xinhua.
Preliminary plan will involve issuing certifications for inoculated visitors to Thailand, lifting them from the two-week mandatory quarantines and relaxing some restrictive measures, said Wissanu, adding that equal treatment will be required from other countries for inoculated Thai visitors.
However, he said the government still needs time to go through details and specific measures for implementation.
Thailand welcomed about 40 million foreign visitors in 2019, but only 6.7 million trickled in last year. The Southeast Asia’s second-largest economy contracted 6.1 percent year on year last year in its sharpest decline since 1998.
The Bank of Thailand, the country’s central bank, has seen tourism sector, which accounts for more than 15 percent of Thailand’s economy, as a key to economic recovery. Enditem
Thai dancers wearing face shields perform at the Erawan Shrine in Bangkok, Thailand, May 4, 2020. (Xinhua/Rachen Sageamsak)