Connect with us

WORLD

စင်ကာပူနိုင်ငံတွင် COVID-19 လူနာသစ် ၁၃ ဦးတွေ့ရှိ ၊ စုစုပေါင်း အတည်ပြုလူနာ ၆၀,၀၂၀ ဦးထိရှိလာ

စင်ကာပူနိုင်ငံ Merlion ပန်းခြံတွင် နှာခေါင်းစည်းတပ်ဆင်၍ လမ်းလျှောက်နေသူတစ်ဦးအား ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ၊မတ် ၇ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် မတ် ၆ ရက်က COVID-19 အတည်ပြုလူနာသစ် ၁၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၆၀,၀၂၀ ဦးထိ ရှိလာခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန(MOH)က ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူနာသစ် ၁၃ ဦးအနက် ၁၂ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသော ကူးစက်မှုဖြစ်ပြီး ကျန်တစ်ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ၌ မတ် ၆ ရက်တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံများ သို့မဟုတ် သီးခြားခွဲထားနေရာများမှ နေအိမ်ပြန်ခွင့်ရရှိသူ ၉ ဦးရှိခဲ့ကြောင်း နှင့် နိုင်ငံအတွင်း အပြည့်အဝ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံးများသို့မဟုတ် သီးခြားခွဲထားနေရာများမှ ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ရသူ စုစုပေါင်း ၅၉,၈၇၉ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေရဆဲ အတည်ပြုလူနာ ၂၂ ဦးရှိပြီး အများစုမှာ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း သို့မဟုတ် တိုးတက်ကောင်းမွန်လျက်ရှိကြောင်း ၊ တစ်ဦးသာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Singapore reports 13 new COVID-19 cases
SINGAPORE, March 6 (Xinhua) — Singapore’s Ministry of Health (MOH) reported 13 new COVID-19 cases on Saturday, bringing the total confirmed cases in the country to 60,020.
Of the new cases, 12 are imported cases and one is community case.
On Saturday, nine more cases of COVID-19 infection have been discharged from hospitals or community isolation facilities. In all, 59,879 have fully recovered from the infection and have been discharged from hospitals or community care facilities, the ministry said.
There are currently 22 confirmed cases who are still in hospital. Of these, most are stable or improving, and one is in critical condition in the intensive care unit. Enditem

photo shows new cordon tape preventing people from entry or loitering amid COVID-19 pandemic in parts of Singapore’s Merlion Park on May 27, 2020. (Photo by Then Chih Wey/Xinhua)