အော့တဝါ၊ ဖေဖော်ဝါ ၁၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ စစ်မှုထမ်းဟောင်းများရေးရာဝန်ကြီး ဂျိုဒီ ဝီလ်စင်-ရေးဘိုးလ် (Jody Wilson-Raybould) သည် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) အစိုးရအဖွဲ့မှ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း ၎င်း၏ တွစ်တာအကောင့်တွင် ရေးသားထားခဲ့သည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ Khanh Hoa ပြည်နယ် Nha Trang မြို့ရှိ Pham Van Dong ကမ်းခြေ ၌ ရုရှားကမ္ဘာလှည့်ခရီးသွား ၂ဦးကို ဖေဖော်ဝါရီ ၁၂ ရက် က သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်သည် ၅ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အစိုးရယန္တရားရပ်ဆိုင်းမှုကို အဆုံးသတ်ရန် နှစ်ဖက်ပါတီ လွှတ်တော်ကိုယ်စားလှယ်များအကြား ရရှိခဲ့သော သဘောတူညီချက်တစ်ခုအပေါ် ၎င်းအနေဖြင့် ကျေနပ်ပျော်ရွှင်ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။