Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) အာဖရိကနိုင်ငံများ COVAX အစီအစဉ်မှတစ်ဆင့် COVID-19 ရောဂါကာကွယ်ဆေးများလက်ခံရရှိ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒါအိစ်ဆာလာမ် ၊ မတ် ၄ ရက် (ဆင်ဟွာ)

အာဖရိကတိုက် ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော စာရင်းပြုစုချက်အရ အာဖရိကတိုက်၌ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၉၁၅,၃၀၄ ဦးရှိလာခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁၀၄,၃၉၈ ဦးရှိကြောင်း ၊ ရောဂါမှပြန်လည်သက်သာလာသူ ၃,၄၉၈,၂၃၉ ဦးရှိကြောင်း ၊ အင်ဂိုလာ နှင့် ကင်ညာစသည့် နိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်သော “COVID-19 ရောဂါ ကာကွယ်ဆေး ဆောင်ရွက်မှုအစီအစဉ်” (COVAX) ဖြင့် ကာကွယ်ဆေးများ လက်ခံရရှိခဲ့ကြောင်း အာဖရိကတိုက်ရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏သတင်းပေးပို့ချက်အရ သိရှိရသည်။

ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းပြုစုချက်အရ လက်ရှိတွင် အာဖရိကတိုက်၌ COVID-19 ရောဂါ ကူးစက်မှုအများဆုံးဖြစ်ပွားနေသည့် နိုင်ငံများမှာ တောင်အာဖရိက ၊ မော်ရိုကို ၊ တူနီးရှား ၊ အီဂျစ် နှင့် အီသီယိုးပီးယား နိုင်ငံတို့ဖြစ်ကြပြီး ၎င်းတို့အနက် ကူးစက်မှုအများဆုံးဖြစ်သည့် နိုင်ငံမှာ တောင်အာဖရိက နိုင်ငံဖြစ်ကာ ကူးစက်ခံရသူစုစုပေါင်း ၁,၅၁၄,၈၁၅ ဦးရှိကြောင်း ၊ တောင်အာဖရိကနိုင်ငံ သည် အာဖရိကတိုက်တွင် COVID-19 ရောဂါကြောင့် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ကြောင်း နှင့် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၅၀,၂၇၁ ဦးရှိခဲ့ကြောင်း သိရသည်။

မော်ရိုကို နိုင်ငံအနေဖြင့် COVAX အစီအစဉ်မှတစ်ဆင့် COVID-19 ရောဂါ ကာကွယ်ဆေး အခုရေ ၆၂၄,၀၀၀ ကိုရရှိခဲ့ပြီး မတ်လမှစတင်၍ ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့သည်။ မော်ရိုကိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ နိုင်ငံတွင် အပိုင်းနှစ်ပိုင်းခွဲ၍ စုစုပေါင်းလူဦးရေ၏ ၅၃ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ပထမအဆင့်တွင် အဓိကအားဖြင့် ကျောင်းဆရာများ ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကင်ညာနိုင်ငံအနေဖြင့် မတ်လ ၂ ရက်ညပိုင်းတွင် COVAX အစီအစဉ်မှတစ်ဆင့် ပထမအသုတ်သော COVID-19 ရောဂါကာကွယ်ဆေးများ လက်ခံရရှိခဲ့ပြီး မတ်လ ၄ ရက် မှစတင်၍ ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းအား တရားဝင်စင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကင်ညာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mutahi Kagwe က ကင်ညာနိုင်ငံလက်ခံရရှိခဲ့သည့် ကာကွယ်ဆေးများကို နိုင်ငံအနှံ့ကာကွယ်ဆေးထိုးနှံပေးသည့် စင်တာများသို့ ခွဲဝေပေးသွားမည်ဖြစ်ပြီး အဓိကအားဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၊ ရဲတပ်ဖွဲ့ဝင် နှင့် ကျောင်းဆရာများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဝမ်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၃ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့နံနက်ပိုင်းအတွင် ရဝမ်ဒါနိုင်ငံ အနေဖြင့် COVAX အစီအစဉ်မှတစ်ဆင့် ပထမအသုတ်သော COVID-19 ရောဂါကာကွယ်ဆေးများ ကို နိုင်ငံမြို့တော်၌ လက်ခံရရှိခဲ့ပြီး ကာကွယ်ဆေးများမှာ AstraZeneca ကာကွယ်ဆေးများဖြစ်ကြောင်း ၊ COVAX အစီအစဉ်မှတစ်ဆင့် Pfizer ကာကွယ်ဆေးတစ်သုတ်ကိုလည်း ရရှိမည်ဟု မျှော်မှန်းထားကြောင်း ၊ ယင်းကာကွယ်ဆေးနှစ်သုတ်က အစိုးရမှ သတ်မှတ်ထားသော ဦးစားပေးခံရသူများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ၎င်းတို့အနက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ နှင့် အခြေခံရောဂါဝေဒနာခံစားနေရသူများ ပါဝင်ကြောင်း ၊ ရဝမ်ဒါနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံလူဦးရေ ၃၀ ရာခိုင်နှုန်းကို COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးရန် နှင့် ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရန် ရည်မှန်းထားကြောင်း သိရှိရသည်။

ဆီနီဂေါနိုင်ငံအနေဖြင့် မတ်လ ၃ ရက်၌ COVAX အစီအစဉ်မှတစ်ဆင့် AstraZeneca ကာကွယ်ဆေး တစ်သုတ်ကို ရရှိခဲ့သည်။ ကာကွယ်ဆေးလက်ခံရယူသည့် အခမ်းအနားတွင် ဆီနီဂေါနိုင်ငံ သမ္မတ Macky Sall က နိုင်ငံအနေဖြင့် အခြားသော ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီများမှာ COVID-19 ရောဂါ ကာကွယ်ဆေးများကို ဆက်လက်၍ ဝယ်ယူသွားမည်ဖြစ်ပြီး အမျိုးသားကာကွယ်ဆေးထိုးနှံ သည့် အစီအစဉ် သက်မှတ်ချိန်တွင် ဆောင်ရွက်ပြီးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂမ်ဘီယာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန နှင့် ဂမ်ဘီယာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ်ရုံး တို့၏ မတ်လ ၃ ရက်ထုတ်ပြန်ကြေညာချက်အရ မတ်လ ၂ ရက် ညပိုင်းအချိန်တွင် COVAX အစီအစဉ်မှတစ်ဆင့် ဂမ်ဘီယာ နိုင်ငံ က COVID-19 ရောဂါ ကာကွယ်ဆေး အခုရေ ၃၆,၀၀၀ ကို လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际疫情)综合消息:非洲多国通过COVAX计划接收疫苗
2021-03-04 14:43:51 分类: 医药卫生
  新华社达累斯萨拉姆3月3日电综合新华社驻非洲地区记者报道:非洲疾病预防控制中心3日发布的数据显示,非洲累计确诊新冠病例达3915304例,累计死亡104398例,累计治愈3498239例。安哥拉、肯尼亚等多国通过世界卫生组织主导的“新冠肺炎疫苗实施计划”(COVAX)收到新冠疫苗。
  数据显示,当前累计确诊病例居非洲前几位的国家是南非、摩洛哥、突尼斯、埃及和埃塞俄比亚,其中南非最多,达1514815例。南非也是非洲报告新冠死亡病例最多的国家,已累计报告死亡病例50271例。
  安哥拉通过COVAX计划收到62.4万剂新冠疫苗,并于3日开始疫苗接种工作。安哥拉卫生部门表示,计划分两个阶段为53%的人口接种疫苗,第一阶段主要针对教师、医护人员、老年人等。
  肯尼亚2日晚通过COVAX计划收到首批新冠疫苗,定于4日正式启动接种工作。卫生部长穆塔西•卡圭说,这批疫苗将分发给全国的接种中心,主要给医护人员、警察和教师等人群接种。
  卢旺达卫生部3日发表声明说,该国首批通过COVAX计划收到的新冠疫苗于当天上午抵达首都基加利,为阿斯利康疫苗。预计还将通过COVAX计划收到一批辉瑞疫苗。两批疫苗的接种对象为政府认定优先接种的群体,包括医疗工作者、65岁以上老人和基础病患者。卢旺达的目标是在2021年为全国30%人口接种新冠疫苗,2022年完成60%的人口接种。
  塞内加尔3日通过COVAX计划接收一批阿斯利康疫苗。在接收仪式上,塞内加尔总统萨勒表示,将继续寻求购入其他厂商的新冠疫苗以确保该国接种计划按时完成。
  冈比亚卫生部和联合国儿童基金会冈比亚代表处3日说,冈比亚2日晚通过COVAX计划接收到3.6万剂新冠疫苗。(执笔记者:李斯博;参与记者:高竹、白林、吕天然、张改萍、吴长伟、邢建桥、赵宇鹏、荆晶、郑扬子、汪平)(完)

Photo
2020年1月22日拍摄的位于瑞士日内瓦的世界卫生组织总部外景。(新华社记者刘曲摄)