Connect with us

WORLD

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူ

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen နှင့် ဇနီး Bun Rany သည် မတ် ၄ ရက်၌ Calmette ဆေးရုံတွင် AstraZeneca COVID-19 ကာကွယ်ဆေး ပထမဆုံးအကြိမ်ထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံက လှူဒါန်းထားသော Sinopharm ကာကွယ်ဆေးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးစီးသော COVAX အစီအစဉ်ဖြင့် ပံ့ပိုးသည့်AstraZeneca ကာကွယ်ဆေး စသေယ COVID-19 ကာကွယ်ဆေး အမျိုးအစားနှစ်မျိုးကို နိုင်ငံသားများအား ထိုးနှံပေးလျက်ရှိကြောင်း အသက် ၆၈ နှစ်အရွယ်Hun Sen က ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် Sinopharm ကာကွယ်ဆေး ပံ့ပိုးပေးခြင်းနှင့် COVAX အစီအစဉ်ဖြင့် AstraZeneca ကာကွယ်ဆေး ကမ်းလှမ်းခြင်းများအပေါ် ကျေးဇူးတင်ကြောင်း Hun Sen က ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး ပထမအသုတ်လက်ခံရရှိပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံမှုကို စတင်ဆောင်ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်အထိ ဦးစားပေးအုပ်စုတွင် ပါဝင်သူ ၁၂၅,၆၆၈ ဦးကို Sinopharm ကာကွယ်ဆေးဖြင့် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း Hun Sen က ပြောခဲ့သည်။

“ကာကွယ်ဆေးထိုးနှံခြင်းက ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ နေထိုင် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေအပါအဝင် အားလုံးကို အခမဲ့ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၉၀၉ ဦးရှိပြီး သေဆုံးမရှိဘဲ ပြန်လည်ကျန်းမာလာသူ ၄၈၄ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Cambodian PM gets 1st dose of COVID-19 vaccine
2021-03-04 13:01:29
PHNOM PENH, March 4 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen and his wife Bun Rany on Thursday received the first doses of the AstraZeneca COVID-19 vaccine here at the Calmette Hospital.
Speaking during a press conference after taking the jab, Hun Sen, 68, said the kingdom has so far used two types of COVID-19 vaccines to inoculate citizens, namely the Sinopharm vaccine donated by China and the AstraZeneca vaccine provided by the World Health Organization-led COVAX Facility.
Hun Sen thanked China for providing the Sinopharm vaccine and the COVAX Facility for offering the AstraZeneca vaccine.
Cambodia launched an anti-COVID-19 vaccination drive on Feb. 10 after receiving the first batch of the Sinopharm vaccine from China.
Hun Sen said as of Wednesday, 125,668 people in the priority groups had been injected with the Sinopharm vaccine.
“The vaccination is free for all people, including the foreigners living and working in Cambodia,” he said.
The Southeast Asian nation has so far recorded a total of 909 confirmed COVID-19 cases, with zero deaths and 484 recoveries, the Ministry of Health said. Enditem

Cambodian Prime Minister Samdech Techo Hun Sen speaks at a press conference on the latest situation of COVID-19 in Phnom Penh, Cambodia, April 7, 2020. Cambodian Prime Minister Samdech Techo Hun Sen said on Tuesday that mutual help between Cambodia and China in the time of COVID-19 pandemic has uplifted the bilateral relations to new heights. (Photo by Li Lay/Xinhua)