ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများအတွက် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အအေးခန်းထရပ်ကားများနှင့် သေတ္တာများ လုံလုံလောက်လောက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဟာရာရီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဇင်ဘာဘွေနိုင်ငံအား နောက်ထပ် COVID-19 ကာကွယ်ဆေးအလုံးရေ ၂၀၀,၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီး Guo Shaochun က ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားခဲ့သည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးခိုးများသည် ကောင်းကင်သို့ မီတာ ၁၅၀၀ အမြင့်အထိ ပန်းထွက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံများစွာက တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများအား ကမ္ဘာလုံးဆိုင်ရာ သာတူညီမျှ ဖြန့်ဖြူးရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဆောပိုလို ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)ဘရာဇီးနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်အချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀.၄ သန်းခန့်ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၅၀,၀၀၀ ကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ဘရာဇီးနိုင်ငံပြည်နယ်အသီးသီးတွင် ကပ်ရောဂါသည် ဆက်လက်ပြန့်ပွားလာခဲ့ပြီး ပြည်နယ်အများအပြား၏ ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ခဲ့ရကြောင်း...