Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ဆီနာဘန်းမီးတောင် ပေါက်ကွဲမှုကြောင့် မီခိုးများ မီတာ ၁၅၀၀ အမြင့်အထိပန်းထွက်

အင်ဒိုနီးရှားနိုင်ငံတွင် ဆီနာဘန်းမီးတောင်ပေါက်ကွဲမှုကြောင့် မီးခိုးများပန်းထွက်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးခိုးများသည် ကောင်းကင်သို့ မီတာ ၁၅၀၀ အမြင့်အထိ ပန်းထွက်ခဲ့ကြောင်း သိရသည်။

ဆီနာဘန်းမီးတောင် စူးစမ်းလေ့လာရေးအဖွဲ့မှ ခေါင်းဆောင် Armen Putra က မီးတောင်ပေါက်ကွဲမှုသည် သုံးမိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဆီနာဘန်းမီးတောင်ပေါက်ကွဲမှုကြောင့် မီးခိုးများပန်းထွက်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ သတိပေးချက်စနစ်တွင် အဆင့် ၄ ဆင့် ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၄၆၀ မီတာတွင်ရှိသော ဆီနာဘန်းမီးတောင်နှင့်ပတ်သက်၍ လက်ရှိထုတ်ပြန်ထားသော သတိပေးချက် အခြေအနေမှာ အဆင့် ၃ ၌ ရှိကြောင်း သိရသည်။
ဆီနာဘန်းမီးတောင်သည် ၂၀၁၀ ခုနှစ်မှ စတင်လှုပ်ရှားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ယင်းမီးတောင် ပြင်းထန်စွာပေါက်ကွဲမှုကြောင့် ဒေသခံ ၉ ဦးသေဆုံးခဲ့သည်။ (Xinhua)

—————————
(Englsih Version)

Indonesia’s Mt. Sinabung volcano erupts again, spewing 1,500-meter-high ash clouds
JAKARTA, Feb. 26 (Xinhua)
Mount Sinabung volcano on the Indonesian island of Sumatra erupted on Thursday, spewing ash clouds as high as 1,500 meters into the sky.
The Mount Sinabung observation post’s head Armen Putra said that the eruption lasted about three minutes.
There were no reports of any casualties or damage.
The current alert status of the volcano with an altitude of 2,460 meters above the sea surface is at level 3 of the country’s four-tiered alert system.
Mount Sinabung has been rumbling since 2010, and in 2016 it underwent a deadly eruption with nine locals killed in the disaster.■

Photo taken on Feb. 25, 2021 shows volcanic materials spewing from Mount Sinabung in Karo, North Sumatra, Indonesia. (Photo by Mirza Baihaqie/Xinhua)