Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်း) ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကြောင့်သေဆုံးသူ ၂၅၀,၀၀၀ ကျော်အထိ ရောက်ရှိလာ

ဘရာဇီးနိုင်ငံ Goiás ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းက COVID-19 ရောဂါကူးစက်ခံထားရသူအား ဆေးရုံအတွင်းသို့ ပို့ဆောင်ပေးနေစဉ်(ဆင်ဟွာ)

ဆောပိုလို ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်အချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀.၄ သန်းခန့်ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၅၀,၀၀၀ ကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ဘရာဇီးနိုင်ငံပြည်နယ်အသီးသီးတွင် ကပ်ရောဂါသည် ဆက်လက်ပြန့်ပွားလာခဲ့ပြီး ပြည်နယ်အများအပြား၏ ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ခဲ့ရကြောင်း ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ သိရှိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆၅,၉၉၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၀,၃၉၀,၄၆၁ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁,၅၄၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၅၁,၄၉၈ ဦးအထိရောက်ရှိလာကာ COVID-19 ရောဂါမှပြန်လည်သက်သာလာသူ ၉,၃၂၃,၆၉၆ ဦးရှိကြောင်း ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် ၁၉ နာရီတွင် ထုတ်ပြန်ကြေညာခဲ့သော နောက်ဆုံးစာရင်းပြုစုချက်အရ သိရှိရသည်။

ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါအဆိုးရွားဆုံးဖြစ်ပွားသည့် ပြည်နယ်မှာ ဆောပိုလိုပြည်နယ် ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်၌ လူပေါင်း ၆,၆၅၇ ဦးသည် COVID-19 ရောဂါကြောင့် အထူးကြပ်မတ်ဆောင်တွင် ဆေးဝါးကုသမှုခံယူခဲ့ရကာ ကာလတစ်လျှောက် တစ်နေ့အတွင်း အများဆုံးတိုးမြင့်လာခဲ့ခြင်းဖြစ်ကြောင်း ၊ COVID-19 ရောဂါကြောင့် နေ့စဉ် ဆေးရုံတက်ဆေးဝါးကုသခံရသူ ဦးရေမှာလည်း များစွာမြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်အထိ တစ်ပတ်ကြာအချိန်အတွင်း နေ့စဉ်ပျမ်းမျှ ဆေးရုံတက်ကုသမှုခံယူရသူ ၁,၆၇၈ ဦးရှိကာ လွန်ခဲ့သည့် ၁၀ ရက်အချိန်ကနှင့်နှိုင်းယှဉ်လျှင် ၁၅.၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ၊ ဆောပိုလိုပြည်နယ်အစိုးရအနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်၌ လူများစုဝေးမှုမဖြစ်ပွားစေရန်အတွက် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၁၄ ရက်အချိန်ထိ နေ့စဉ် ၂၃ နာရီ မှ နောက်နေ့နံနက် ၅ နာရီအချိန်ထိ ပြည်နယ်တစ်ခုလုံးတွင် လူများသွားလာလှုပ်ရှားခြင်း ကန့်သတ်ကြောင်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊ ဆောပိုလိုပြည်နယ် အတွင်းရှိ အချို့သော ကုန်တွင်းပိုင်းဒေသများတွင် ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များကို ဆောင်ရွက်ကာ လူနှင့် မော်တော်ယာဉ်များ လှုပ်ရှားသွားလာမှုကန့်သတ်ချက်များကို စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံအတွင်းရှိ အချို့သောပြည်နယ်များ၏ ကပ်ရောဂါအခြေအနေမှာလည်း ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ ဘရာဇီးနိုင်ငံ တောင်ပိုင်းရှိ Santa Catarina ပြည်နယ်အစိုးရ နှင့် Rio Grande do Sul ပြည်နယ်အစိုးရ တို့က ၎င်းတို့ပြည်နယ်၏ ကျန်းမာရေးစနစ်က ပြိုလဲလုနီးပါးအခြေအနေသို့ ရောက်ရှိနေကြောင်း အသီးသီးကြေညာခဲ့ကြပြီး ဖေဖော်ဝါရီ ၂၄ ရက်အချိန်ထိ ၎င်းပြည်နယ်များရှိ အထူးကြပ်မတ်ဆောင်အသုံးပြုနေသည့် ရာခိုင်နှုန်းမျာ ၉၁.၂ နှင့် ၉၁.၈ ရာခိုင်နှုန်း အသီးသီးဖြစ်ကြကြောင်း ဖေဖော်ဝါရီ ၂၅ ရက်၌ ကြေညာခဲ့ကြသည်။

ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါပြန့်ပွားမှုကို ဟန့်တားနိုင်ရန်အတွက် နိုင်ငံအရှေ့မြောက်ပိုင်း Bahia ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ မလိုအပ်သော အခမ်းအနားများအားလုံးကို ကန့်သတ်မှုဆောင်ရွက်ခဲ့ပြီး အရက်ဘား နှင့် စားသောက်ဆိုင်များအနေဖြင့် ဆိုင်ထိုင်စားသုံးခြင်းကို မရောင်းချရကြောင်း ၊ ဈေးဝယ်စင်တာများအနေဖြင့် စနေ နှင့် တနင်္ဂနွေနေ့များတွင် ပိတ်ထားရမည်ဖြစ်ပြီး အဆိုပါကန့်သတ်ချက်များကို မတ်လ ၁ ရက် နံနက် ၅ နာရီအချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်၌ ဘရာဇီးနိုင်ငံ လုပ်ငန်းကုမ္ပဏီတစ်ခုနှင့် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယနိုင်ငံ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးဖြစ်သည့် Covaxin ကာကွယ်ဆေး အခုရေ သန်း ၂၀ ကို ဝယ်ယူခဲ့ကြောင်း ၊ လက်မှတ်ရေးထိုးခဲ့သည့် ဘရာဇီးနိုင်ငံ လုပ်ငန်းကုမ္ပဏီအနေဖြင့် အဆိုပါကာကွယ်ဆေးအား ဘရာဇီးနိုင်ငံတွင် ထုတ်လုပ်သွားမည်ဖြစ်သော်လည်း Covaxin ကာကွယ်ဆေးက လက်ရှိချိန်ထိ ဘရာဇီးနိုင်ငံ အမျိုးသား ကျန်းမာရေး ကြီးကြပ်မှုဌာန၏ ခွင့်ပြုချက်ကို မရရှိသေးကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးစာရင်းပြုစုချက်အရ လက်ရှိချိန်ထိ ဘရားဇီးနိုင်ငံက ကမ္ဘာပေါ်တွင် အမေရိကန် နှင့် အိန္ဒိယနိုင်ငံ ပြီးနောက် တတိယ COVID-19 ကူးစက်ခံရမှုအများဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံဖြစ်ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူမှာ အမေရိကန်နိုင်ငံ ထက်အနည်းငယ်လျော့နည်းကာ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် ဒုတိယသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
——————————-
(Chinese Version)
(国际疫情)巴西累计新冠死亡病例超25万例
2021-02-26 11:30:26 分类: 社会
  新华社圣保罗2月25日电(记者宫若涵)巴西卫生部最新数据显示,截至25日,该国累计新冠确诊病例数接近1040万,累计死亡病例数超过25万。疫情持续在巴西各州蔓延,多州防控措施升级。
  根据巴西卫生部25日19时公布的最新数据,24小时内该国新增确诊病例65998例,累计确诊10390461例;新增死亡病例1541例,累计死亡251498例;累计治愈9323696例。
  在疫情最严重的圣保罗州,24日共有6657人因新冠感染入住重症监护病房,创下最高纪录;日均新增住院人数也大幅攀升,在截至24日的一周内,日均新增住院人数为1678人,较10天前增长了15.1%。州政府24日宣布,为避免人员聚集,从2月26日至3月14日,每日23时至次日5时之间全州范围限制人员流动。该州一些内陆地区已经开始实行更为严格的措施,禁止人员和车辆流动。
  其他一些州疫情也尚未得到控制。巴西南部的圣卡塔琳娜州政府和南里奥格兰德州政府25日均表示,州医疗系统濒临崩溃,24日重症监护病房使用率分别高达91.2%和91.8%。
  为遏制疫情蔓延,东北部的巴伊亚州将从26日起对非必要活动施加限制,酒吧和餐厅不得提供堂食服务,购物中心也将于周末关闭。这一措施将持续至3月1日凌晨5时。
  此外,25日,巴西卫生部与一家巴西公司签署协议,购买2000万剂印度本土机构研发的新冠疫苗Covaxin,这家巴西公司负责这款疫苗在巴西的生产,但Covaxin目前尚未被巴西国家卫生监督局批准。
  根据世界卫生组织的最新统计,目前巴西累计新冠确诊病例数排在全球第三,位于美国和印度之后;累计死亡病例数排在全球第二,仅低于美国。(完)

Photo
2月25日,巴西戈亚斯州一家医院的护工将一名新冠病患推入医院大楼。新华社发(拉赫尔•帕特拉索摄)