ဘဂ္ဂဒတ်၊မတ် ၂၂ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံအမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(INIS) မှ အဆင့်မြင့်အရာရှိတစ်ဦးကို ဘဂ္ဂဒတ်မြို့တော်၌ မတ် ၂၁ ရက်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဆိုသည်။
ချိန်တူး၊ မတ် ၂၁ ရက် (ဆင်ဟွာ) သက်တမ်းအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ ခန့် ဟု ယူဆရသော တရုတ်လူမျိုးများ၏ ယဉ်ကျေးမှု အထွဋ်အမြတ်ပစ္စည်း အမျိုးအမည်ပေါင်း ၅၀၀ ခန့် ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆန်းရှင်းတွေး ၌တူးဖော်တွေ့ရှိခဲ့သည်။ အဆိုပါတွေ့ရှိမှုမှာ တရုတ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်တူးဖော်မှုသမိုင်းတွင်...
ဘိုဂိုတာ၊ မတ် ၂၁ ရက်(ဆင်ဟွာ) Sinovacကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ်သည် ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာသို့ မတ် ၂၀ ရက်က ရောက်ရှိခဲ့သည်။ မြန်ဆန်၍ လက်တွေ့ကျသည့် ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုအတွက် ကိုလံဘီယာနိုင်ငံ သမ္မတ Iván Duque Márquezက တရုတ်နိုင်ငံကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဝူဟန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်၏ အဓိကမြို့တော် ဝူဟန်မြို့၏ ယခုနှစ်အတွက် ပထမဆုံး ခရီးသွား ရထားပြေးဆွဲမှုကို မတ် ၂၀ ရက်တွင် စတင်ခဲ့ကြောင်း ဒေသတွင်း သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများထံမှ သိရသည်။
အက်ခရာ ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ဂါနာနိုင်ငံ ကျန်းမာရေးဌာနမှ ဝန်ထမ်းသုံးဦးအား COVID-19 ကာကွယ်ဆေး ခိုးယူမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။