Connect with us

Videos

နှစ်ပေါင်း ၃,၀၀၀ ခန့် သက်တမ်းရှိ တရုတ်ယဉ်ကျေးမှုအထွဋ်အမြတ်ပစ္စည်းပေါင်း ၅၀၀ ခန့်တူးဖော်ရရှိ

ချိန်တူး၊ မတ် ၂၁ ရက် (ဆင်ဟွာ)

သက်တမ်းအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ ခန့် ဟု ယူဆရသော တရုတ်လူမျိုးများ၏ ယဉ်ကျေးမှု အထွဋ်အမြတ်ပစ္စည်း အမျိုးအမည်ပေါင်း ၅၀၀ ခန့် ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆန်းရှင်းတွေး ၌တူးဖော်တွေ့ရှိခဲ့သည်။ အဆိုပါတွေ့ရှိမှုမှာ တရုတ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်တူးဖော်မှုသမိုင်းတွင်  ကြီးမားသည့်ရှာဖွေတွေ့ရှိမှုအဖြစ် တရုတ်ရှေးဟောင်းသုတေသီများက ပြီးခဲ့သည့် စနေနေ့တွင် ကြေညာခဲ့သည်။

“ဆန်းရှင်းတွေးက တူးဖော်ရေးလုပ်ငန်းခွင်မှာဆိုရင် တွင်းအမှတ် ၅ မှာ အလေးချိန်အားဖြင့် ၂၈၀ ဂရမ်ရှိတဲ့ ရွှေမျက်နှာဖုံး အပါအဝင် တွင်းအမှတ် ၃ က ကြေးအသုံးအ‌ဆောင်ပစ္စည်းအမြောက်အမြားနဲ့တကွ တရုတ်နိုင်ငံရဲ့ သမိုင်းမှာ အလွန်အ‌‌ရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်များစွာကို တူးဖော်ရရှိခဲ့ပါတယ်  ဒါဟာ ရှေးဟောင်း Shu ယဉ်ကျေးမှု ရဲ့ ဝိသေသ လက္ခဏာတွေကိုထင်ဟပ်စေတဲ့ ပစ္စည်းတွေပါပဲ “ ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုတူးဖော်တွေ့ရှိသည့် တွင်း နှစ်တွင်းသည် ၁၉၈၆ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် တွင်းများအနီးမှဖြစ်သည်။ရှေးခေတ်က ကောင်းကင်၊ မြေကြီးနှင့် ဘိုးဘွားများအား ပူဇော်ပသမှုများ နှင့် ငြိမ်းချမ်းရေးနှင့် စီးပွားလာဘ်လာဘတိုးတက်စေရန် ဆုတောင်းမှုပြုလုပ်သည့် ပစ္စည်းများပါဝင်ကြောင်း သိရသည်။

ဆန်းရှင်းတွေး ရှေးဟောင်းသုတေသန တူးဖော်ရေးသည် ၂၀ ရာစု တရုတ်နိုင်ငံ ၏ ထိပ်တန်း ရှေးဟောင်းသုတေသနတူးဖော်ရေးလုပ်ငန်း ၁၀ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ဆန်းရှင်းတွေးရှေးဟောင်းသုတေသန တူးဖော်ရေး ဌာန သည် အကျယ်အဝန်း ၁၂ စတုရန်းကီလိုမီတာရှိပြီး သက်တမ်းအားဖြင့် အနည်းဆုံးနှစ်ပေါင်း ၄၈၀၀ ကျော် က တည်ရှိခဲ့သည့် Shu ယဉ်ကျေးမှု ၏ အကြွင်းအကျန်ပစ္စည်းများစွာတူးဖော်တွေ့ရှိရာနေရာဖြစ်ပြီး နှစ်ပေါင်း ၂‌ထောင်ကျော်သက်တမ်းရှိ အမွေအနှစ်ပစ္စည်းများအားထိန်းသိမ်းထားရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.