Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ဝူဟန်မြို့၏ ၂၀၂၁ ခုနှစ် ပထမဆုံး ခရီးသွား ရထားပြေးဆွဲမှု စတင်

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ East Lake ရေကန်ကြီးသို့ မတ် ၁၁ ရက်က လာရောက်လည်ပတ်ကြသော ခရီးသွားပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်၏ အဓိကမြို့တော် ဝူဟန်မြို့၏ ယခုနှစ်အတွက် ပထမဆုံး ခရီးသွား ရထားပြေးဆွဲမှုကို မတ် ၂၀ ရက်တွင် စတင်ခဲ့ကြောင်း ဒေသတွင်း သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများထံမှ သိရသည်။

ခရီးသွား ၉၀၀ ခန့် လိုက်ပါလာမည့် ရထားသည် ပြည်နယ်အတွင်းရှိ Xiangyang မြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ၊ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း ခရီးသွားများအနေဖြင့် လူစိတ်ဝင်စားမှုများသော ရုပ်ရှင်ရိုက်ကူးရေးနေရာများ နှင့် အခြား ခရီးသွားနေရာများသို့ လည်ပတ်နိုင်ကြောင်း ရထားပို့ဆောင်ရေး ကုမ္ပဏီထံမှ သိရသည်။
“ဒီခရီးသွားရထားက အတော်လေး ကုန်ကျစရိတ် သက်သာပြီးတော့ လူလတ်ပိုင်း နှင့် သက်ကြီးရွယ်အိုတွေအတွက် ခရီးသွားဖို့ သင့်လျော်ပါတယ်။”ဟု ခရီးသွား တစ်ဦးဖြစ်သူ Wang က ပြောကြားခဲ့သည်။
ကုမ္ပဏီအနေဖြင့် ပြည်နယ်ပြင်ပ ဒေသများသို့ ခရီးရှည် သွားလာသူများနှင့်အတူ အခြား ခရီးတို ရထားလမ်းကြောင်း ပြေးဆွဲမှုများကို စတင်သွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)

Wuhan launches 2021’s first tourist train

WUHAN, March 21 (Xinhua) — This year’s first tourist train from Wuhan, capital of central China’s Hubei Province, was launched Saturday, according to local transport authorities.
The train carrying nearly 900 tourists is scheduled for the city of Xiangyang in the province. During the two-day journey, tourists can visit a popular movie location and other tourist destinations, said the operating company of the train.

“The tourist train is quite cost-effective and the travel arrangements are suitable for us middle-aged and elderly people,” said a tourist surnamed Wang.
The company also plans to launch other short-distance tourist train routes, along with long-distance ones to regions outside the province. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.