Connect with us

News

ကိုလံဘီယာနိုင်ငံသို့ Sinovacကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် ထပ်မံရောက်ရှိ

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ တောင်ပိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတစ်ခုအား မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

Sinovacကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ်သည် ကိုလံဘီယာနိုင်ငံ မြို့‌တော်ဘိုဂိုတာသို့ မတ် ၂၀ ရက်က ရောက်ရှိခဲ့သည်။ မြန်ဆန်၍ လက်တွေ့ကျသည့် ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုအတွက် ကိုလံဘီယာနိုင်ငံ သမ္မတ Iván Duque Márquezက တရုတ်နိုင်ငံကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထိုမတိုင်မီ Sinovacကာကွယ်ဆေး အသုတ်များစွာ ကိုလံဘီယာသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ယခုရောက်ရှိသည့် ကာကွယ်ဆေးများကို နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ရာ လူဦးရေ (၇၀)ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပေးမည့် အစိုးရ၏ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း Iván Duque Márquez က မြောက်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် Barranquillaတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ တောင်ပိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတစ်ခုအား မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ တောင်ပိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတစ်ခုအား မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံသည် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ တစ်နိုင်ငံလုံးကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အရ ဆေးဝန်ထမ်း၊ အသက် (၆၀)နှင့်အထက် လူအုပ်စု၊ ရောဂါအခံရှိသူ၊ အခြေခံပညာစာသင်ကျောင်းရှိဆရာဆရာမများကို ဦးစားပေးထိုးနှံခဲ့သည်။

မတ် ၂၀ ရက်အထိ ကိုလံဘီယာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ (၂,၃၃၁,၁၈၇)ဦး နှင့် စုစုပေါင်း သေဆုံးသူ (၆၁,၉၀၇)ဦး ရှိကြောင်း ယင်းနိုင်ငံ အမျိုးသား ကျန်းမာရေးသုတေသနဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)
—————————————
(Chinese Version)

(国际疫情)新一批中国新冠疫苗运抵哥伦比亚

 新华社波哥大3月20日电(记者高春雨)新一批由中国科兴公司生产的新冠疫苗20日运抵哥伦比亚首都波哥大。哥伦比亚总统杜克对中方“快速、务实”的抗疫支持表示感谢。
  此前已有多批科兴疫苗运抵哥伦比亚。杜克20日在北部海滨城市巴兰基亚举行的新闻发布会上介绍,这批科兴疫苗将在全国范围分配,以帮助政府实现70%以上人口接种新冠疫苗的目标。
 哥伦比亚2月17日启动新冠疫苗接种工作。按照全国疫苗接种计划,医护人员、60岁以上人群、基础疾病成年患者、中小学教师等群体将优先接种。
  据哥国家卫生研究院统计,截至20日,该国累计确诊新冠病例2331187例,累计死亡61907例。(完)
新华社照片,波哥大,2021年3月10日
(国际疫情)哥伦比亚:接种中国疫苗
这是3月9日在哥伦比亚波哥大南部拍摄的一处疫苗接种点。新华社发(约翰•帕斯摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.