ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမလေးလကျော်ကာလ အတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂,၁၅၆ ဒသမ ၂၀၅ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတင်းထုတ်ပြန်မှု အရ သိရသည်။
နန်ချန်း ၊ ကျန်းရှီး ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(2019-nCoV) ရောဂါခံစားနေရသော လူနာတစ်ဦးသည် ရောဂါသက်သာလာ၍ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ဆေးရုံတစ်ရုံမှ ဇန်နဝါရီ ၂၇ ရက်တွင် ဆင်းခွင့်ရရှိခဲ့ပြီး ၎င်းသည် ပြည်နယ်အတွင်း ပထမဆုံးရောဂါပျောက်ကင်းသည့် ဝေဒနာရှင်တစ်ဦးဖြစ်လာသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ)တို့နှင့် သက်ဆိုင်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှစ်ခုကို ၂၀၂၀...
နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင် စုစုပေါင်း နိုင်ငံခြားသုံး သီးသန့်ငွေသည် သွင်းကုန်၏ ၅ ဒသမ ၆ လစာ ပမာဏ ရှိပြီး ဗဟိုဘဏ်ရှိ နိုင်ငံခြားသုံး သီးသန့်ငွေမှာ သွင်းကုန်၏ ၃ ဒသမ ၃ လစာ ပမာဏ...
ဟန်ကျိုး၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်တာနက်လုပ်ငန်းကြီးဖြစ်သော အလီဘာဘာက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ပျံ့နှံ့မှုများကြောင့် ဆေးရုံများအခက်အခဲကို ဖြေလျှော့ရန် ကြိုးပမ်းမှုအဖြစ် အခမဲ့ အွန်လိုင်း ကျန်းမာရေးအကြံပြုဆွေးနွေးမှုဆိုင်ရာ ဝန်ဆောင်မှုများကို မိတ်ဆက်လိုက်ကြောင်း သိရသည်။