Connect with us

ASEAN

ထိုင်းနိုင်ငံသို့ Sinovacကာကွယ်ဆေး ဒုတိယအသုတ်ရောက်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bang Khae တွင် မြို့နေပြည်သူများအား Sinovac ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို မတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံက တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ဝယ်ယူထားသည့် ဒုတိယအသုတ် ကိုဗစ်ကာကွယ်ဆေးများသည် မတ် ၂၀ ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ ဆေးဝါးထုတ်လုပ်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် ပို့ဆောင်လာသည့် ကိုဗစ်ကာကွယ်ဆေးများကို လက်ခံခဲ့သည်။ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသော ကိုဗစ်ကာကွယ်ဆေးဝယ်ယူသည့် သဘောတူညီချက်အရ ဝယ်ယူထားသည့် ကာကွယ်ဆေးကို (၃)သုတ်ခွဲပို့မည်ဖြစ်ရာ ပထမအသုတ်ကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bang Khae တွင် မြို့နေပြည်သူများအား Sinovac ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို မတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

ဒုတိယအသုတ် Sinovacကာကွယ်ဆေးသည် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တစ်ဖက်တစ်လမ်း အထောက်အပံ့ ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည် နလန်ထူလာရေး စသည့် ကဏ္ဍများတွင် လက်တွဲပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မတ် ၂၀ ရက် လူမှုကွန်ရက် မီဒီယာမှတစ်ဆင့် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bang Khae တွင် မြို့နေပြည်သူများအား Sinovac ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို မတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

လက်ရှိ ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်ကာကွယ်ဆေးနှင့် ဗြိတိန်၏ AstraZeneca ကိုဗစ် ကာကွယ်ဆေးကို လက်ခံရရှိပြီးဖြစ်ရာ ဆေးဝန်ထမ်းများအပါအဝင် ကူးစက်မှုအန္တရာယ်များသည် လူအုပ်စုများကို ဦးစားပေးအနေဖြင့် ပြည်နယ်အများအပြား ကာကွယ်ဆေးများကို စနစ်တကျထိုးနှံနေပြီဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————
(Chinese Version)

(国际疫情)第二批中国科兴新冠疫苗运抵泰国

 新华社曼谷3月20日电(任芊)由泰国向中国科兴公司订购的第二批新冠疫苗20日运抵泰国。
  20日清晨,泰国政府制药组织代表前往曼谷素万纳普机场接收这批疫苗。根据泰国卫生部与中国科兴公司签署的新冠疫苗订购协议,泰国向中方采购的新冠疫苗分三批交付,首批疫苗已于2月24日抵泰。
  中国驻泰国大使馆20日通过社交媒体表示,第二批科兴疫苗抵泰将继续为泰国抗击疫情助一臂之力,中方愿意在防控疫情、恢复经济等领域继续与泰方携手合作。
泰国政府目前已收到来自中国的科兴新冠疫苗以及来自英国的阿斯利康新冠疫苗,在多个府有序开展疫苗接种活动,率先为包括医护人员在内的高危群体进行接种。(完)

新华社照片,曼谷,2021年3月19日
(国际疫情)曼谷邦开区市民接种科兴疫苗
3月19日,医护人员为泰国曼谷市邦开区市民接种科兴疫苗。新华社发(拉亨摄)