မာလီ ၊ မတ် ၁၆ ရက်(ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ၌ တရုတ်နိုင်ငံ Sinopharm က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုချက်အတည်ပြုခဲ့ကြောင်း မော်လ်ဒိုက် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(MFDA) က မတ် ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
ပေကျင်း၊ မတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နှင့်အီရန်အကြား တစ်ဆင့်ခံ သံတမန်ဆက်ဆံရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်လုံခြုံရေး အကြံပေး Jake Sullivanက မတ် ၁၂ တွင် ပြောကြားခဲ့သည်ဟု ဝါရှင်တန်ရှိ ရိုက်တာ သတင်းက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
ဦလန်ဘာတာ၊ မတ် ၁၄ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ ဒေသအများအပြားတွင် မတ် ၁၃ ရက်ကစ၍ ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ မတ် ၁၅ ရက်အထိ လူ(၆)ဦး သေဆုံးပြီး (၈၀)ကျော် ပျောက်ဆုံးလျက်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာနက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ကူဝိတ်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံ ပြည်သူ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန (PAAAFR) က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ကြက်ငှက်တုပ်ကွေးကူးစက်ခံရသည့် ကြက်ခြံနှစ်ခုအားသွားရောက်ခဲ့ပြီး ကူးစက်ခံကြက်များအား စစ်ဆေးခဲ့ကြောင်းသိရသည်။ ကူဝိတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးမှာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ထိတ်လန့်စရာမရှိကြောင်း (PAAAFR) က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က...