Connect with us

Videos

ကူဝိတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါအားထိန်းချုပ်နိုင်ပြီဖြစ်

ကူဝိတ်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံ ပြည်သူ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန (PAAAFR) က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ကြက်ငှက်တုပ်ကွေးကူးစက်ခံရသည့် ကြက်ခြံနှစ်ခုအားသွားရောက်ခဲ့ပြီး ကူးစက်ခံကြက်များအား စစ်ဆေးခဲ့ကြောင်းသိရသည်။ ကူဝိတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးမှာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ထိတ်လန့်စရာမရှိကြောင်း (PAAAFR) က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကူဝိတ်နိုင်ငံရှိ ကြက်မွေးမြူရေးခြံအချို့တွင် ကြက်ငှက်တုပ်ကွေးကူးစက်ခံရကြောင်းအရေးပေါ် ကြေညာခဲ့သည်။ ကြက်ငှက်တုပ်ကွေးကူးစက်ခံရသည့် ကြက်များအား တိရစ္ဆာန်‌ရောဂါ ရှာဖွေ‌ရေးဌာနသို့သယ်ဆောင်ခဲ့ပြီး ကြက်ငှက်တုပ်ကွေး ကာကွယ်တားဆီးရေးဆိုင်ရာအရေးပေါ် အခြေအနေများအား ချမှတ်ဆောင်ရွက်ထားရှိကြောင်း (PAAAFR) ကကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.