ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အသွားအလာများပြီး လူစည်ကားရာ အဓိကလမ်းဆုံများ ဖြစ်သော (ဈ)ဈေးနှင့် ကန်သာယာလမ်းဆုံတွင် လမ်းမီးထွန်းညှိခြင်းကို ဇူလိုင်လကုန်တွင် လည်းကောင်း၊ (၆)ကွေ့လမ်းဆုံ နှင့် သုနန္ဒာ ကြိုးတံတားထိပ်လမ်းဆုံတွင် လမ်းမီးထွန်းညှိခြင်းကို သြဂုတ်လကုန်တွင် လည်းကောင်း ပြီးစီးအောင် ဆောင်ရွက် ပေးမှာဖြစ်ကြောင်း...
ရှီကျားကျွမ်း ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ရာစုနှစ်သက်တမ်းရှိသော နံပါတ်(၁) နေရာ၌ ရပ်တည်နေသည့် နက်ရှိုင်းသောမြေအောက်မှ ခိုင်လျွန်(Kailuan) ကျောက်မီးသွေးတွင်း၌ တွင်းထွက်ပစ္စည်းများကို ရစ်ဘီးလုံး ဝန်ချီစက်များအသုံးပြု၍ မြေပေါ်သို့အဆင့်ဆင့်သယ်ဆောင်လျက်ရှိသည်ကို တွေ့ရပေမည်။ ယင်းကျောက်မီးသွေးတွင်းတည်ရှိရာ ထန်ဆန်းမြို့(Tangshan) သည် သက်တမ်းကြာရှည်ပြီဖြစ်သည့် စက်မှုမြို့တော်တစ်ခုဖြစ်သကဲ့သို့ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာနေရာတစ်ခုလည်း ဖြစ်နေပေသည်။
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သိန်းနီမြို့နယ်၊ ခွန်ညို့ကျေးရွာအနီးတွင် ဇွန် ၂၄ ရက် ဆိုင်ကယ်နှင့် ကား တိုက်မိပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် အာဆီယံ ဒေသ အတွင်း လျှပ်စစ် ဓာတ်အား အချက်အချာ ဖြစ်လာရန် ရည်မှန်းထားကြောင်း ဇွန် ၂၄ ရက်တွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) နှင့် ၎င်းဦးဆောင်သည့် ဌာနများကို ပိတ်ဆို့မှုပြုလုပ်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်တွင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။