Connect with us

ASEAN

ကပ်ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်များ တင်းကျပ်စွာဖြင့် ထိုင်းနိုင်ငံတွင် ကျောင်းများပြန်ဖွင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မူလတန်းကျောင်းတစ်ခုတွင် ကျောင်းသားကျောင်းသူများ စာသင်ကြားနေသည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါ နောက်ဆုံးကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သော စမွတ်ဆခွန်းခရိုင်မှအပ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနသည် အမြင့်ဆုံးရောဂါထိန်းချုပ်မှု နယ်မြေအဖြစ် ကြေညာထားသည့် ခရိုင် နှင့် ဒေသ ၂၈ ခုအတွင်းရှိ စာသင်ကျောင်းများကို ဇန်နဝါရီလမှစတင်ကာ ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ဘန်ကောက်မြို့တော်အပါအဝင် ခရိုင်၂၇ ခု အတွင်းရှိ ပုဂ္ဂလိက နှင့် အစိုးရ စာသင်ကျောင်းများအားလုံးအပြင် ပညာရေးဌာနများကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ကျောင်းတွင်း သင်ကြားရေး ပြန်လည်ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ကျောင်းသားကျောင်းသူများ ကိုယ်အပူချိန်တိုင်းတာခြင်းလက်ဆေးခြင်း ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ကျောင်းသားကျောင်းသူများ ကိုယ်အပူချိန်တိုင်းတာခြင်းလက်ဆေးခြင်း ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမူလတန်းကျောင်းတစ်ခုတွင်ကလေးငယ်များ နှာခေါင်းစည်းတပ်ဆင်၍ ကျောင်းတက်နေကြသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမူလတန်းကျောင်းတစ်ခုတွင်ကလေးငယ်များ နှာခေါင်းစည်းတပ်ဆင်၍ ကျောင်းတက်နေကြသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပြီးခဲ့သော နှစ် ဒီဇင်ဘာ လလယ်ပိုင်းက ပင်လယ်စာရောင်းချသော ဈေးတစ်ခုတွင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု နောက်ဆုံးဖြစ်ပေါ်ခဲ့ရာ စမွတ်ဆခွန်းခရိုင်အတွင်းရှိ စာသင်ကျောင်းများကို ပိတ်ထားဆဲဖြစ်သည်။နှာခေါင်းစည်းတပ်ဆင်ခြင်း နှင့် အရက်ပြန်ပါသော လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်းကဲ့သို့သော ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ တင်းကျပ်စွာချမှတ်ရင်း စာသင်ခန်းတစ်ခုတွင် ကျောင်းသား ၂၅ ဦးထက် မကျော်လွန်စေဘဲ သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

————————————————–
(English Version)

Thai schools reopened amid strict epidemic prevention measures

BANGKOK, Feb. 2 (Xinhua) — Thailand reopened most schools, excluding those in Samut Sakhon province, the epicenter of the country’s latest COVID-19 outbreak.
The Ministry of Education ordered schools to close in 28 provinces and regions, which were declared as areas under maximum control, at the beginning of January.
All public and private schools as well as educational institutions in the 27 provinces, including the capital Bangkok, were allowed to resume onsite classes from Feb. 1.
Schools remain closed in Samut Sakhon, where the latest outbreak erupted after a seafood market vendor was confirmed of being infected in mid-December.
The number of students per classroom must not exceed 25, while anti-pandemic measures must be strictly followed, such as wearing face masks and washing hands with alcohol gel.
Students attend a class at a primary school in Bangkok, Thailand, Feb. 1, 2021. (Xinhua/Rachen Sageamsak)
A girl disinfects her hands and gets her body temperature measured as she enters a school in Bangkok, Thailand, Feb. 1, 2021. (Xinhua/Rachen Sagea