Connect with us

Videos

တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အများစုကို နေအိမ်သို့ ပြန်လွှတ်ပေး (ရုပ်သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်၊ ရိုက်ကူး /စိုးသန်းလင်း၊ဝေယံ၊ တည်းဖြတ်/စုဝင့်

တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ် အများစုကို ယနေ့ နေအိမ်သို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။

” တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာတွေကို သူ့နယ်ပယ်နဲ့သူကျွမ်းကျင်တဲ့ လူများကို ပြန်လည်ခန့်အပ်သွားမှာပါ” ဟု ၎င်း တပ်မတော်အရာရှိကြီး ကဆိုသည်။အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို ယနေ့ ထိန်းသိမ်းထားသည့် နေရာမှ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.