ဘန်ကောက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက် ဘူရီရမ်ပြည်နယ်ရှိ လယ်သမားတစ်ဦးမှာ တောဆင်ရိုင်းတစ်ကောင်၏ တက်နင်းခြင်းနှင့် အစွယ်ဖြင့်ထိုးခြင်းကြောင့် သေဆုံးခဲ့ပြီး ၎င်း၏ဇနီးမှာလည်း သေဘေးမှသီသီလေး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးတစ်ကျပ်သားကို ကျပ် ၁,၀၈၂,၀၀၀ က ၁,၁၀၇,၀၀၀ အထိတစ်ပတ်အတွင်း ကျပ် ၂၅,၀၀၀ တက်ခဲ့ကြောင်း ရွှေဈေးကွက်သတင်းများအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မော်လမြိုင်မြို့နယ် ၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝ အနီး စက်လှေများပေါ်မှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း(၃၀၀)တန်ခန့်အား ယနေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ပြုံယမ်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပြည့်စုံအောင်မြင်သော အနာဂတ် တစ်ခု ဖွင့်လှစ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဘုံကြွယ်ဝချမ်းသာရေး တည်မြဲရေးအတွက် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ဇွန် ၂၀ ရက် မနက် ၁၁ နာရီခန့်က ကျပ် သိန်း၃၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။