Connect with us

North America

ထရမ့်အား စွပ်စွဲပြစ်တင်မည့် အကြောင်းအရာကို အမေရိကန်အောက်လွှတ်တော်က အထက်လွှတ်တော်သို့ပေးပို့

ထရမ့်ထောက်ခံသူများက အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်အဆောက်အဦအား ဇန်နဝါရီ ၆ ရက်က ဝင်ရောက်စီးနင်စဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်လွှတ်တော်အဆောက်အဦ(Capitol) ၌ ဇန်နဝါရီ ၆ ရက်ကဖြစ်ပွားခဲ့သော အကြမ်းဖက်ဝင်ရောက်စီးနင်းမှုတွင် အားပေးအားမြှောက် ပြုလုပ်မှုဖြင့် သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်အား အရေးယူရန် စွပ်စွဲပြစ်တင်မည့် အကြောင်းအရာကို အမေရိကန် အောက်လွှတ်တော်က အထက်လွှတ်တော်သို့ ဇန်နဝါရီ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

လာမည့်လွှတ်တော်ကြားနာမှုတွင် စွပ်စွဲပြစ်တင်မှုအဖွဲ့တွင်လိုက်ပါကာ လျှောက်လွှဲသူလုပ်မည့် ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီက စွပ်စွဲပြစ်တင်မှုဆိုင်ရာအချက်အလက်များ ရေးသားထားသော စာချွန်လွှာကို ကိုင်ဆောင်ကာ အထက်လွှတ်တော်ခန်းမသို့သွားရောက်၍ ပေးပို့တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ သမ္မတထရမ့်ဟာ အမေရိကန်နိုင်ငံရဲ့လုံခြုံရေးနဲ့ အစိုးရအဖွဲ့အင်စတီကျူးရှင်းတွေအပေါ် သိပ်ကိုအန္တရာယ်ပြုခဲ့တယ် ၊ သူဟာ ဒီမိုကရေစီစနစ်ရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ခြိမ်းခြောက်ခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့တယ်။ အစိုးရအဖွဲ့ရဲ့ အကိုင်းအခက်တည်ရှိမှုကို အားအင်ချိနဲ့အောင်ဖျက်ဆီးခဲ့တယ်။ အမေရိကန်နိုင်ငံသားတွေ ထိခိုက်နာကျင်ရအောင် လုပ်ဆောင်ပြီး သူဟာ သမ္မတတစ်ယောက်မှာ ထားရှိရမယ့် ယုံကြည်မှုကို သစ္စာဖောက်ဖျက်ခဲ့တယ်” ဟု စွပ်စွဲပြစ်တင်မှုအဖွဲ့ကို ဦးဆောင်ခဲ့သူ လွှတ်တော်အမတ် Jamie Raskin က ထရမ့်အား စွပ်စွဲပြစ်တင်သော အချက်အလက်များအား အထက်လွှတ်တော်ခန်းမဆောင်၌ ဖတ်ကြားတင်သွင်းခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်တွင် ပြုလုပ်မည့် ကြားနာမှုအတွက် အမေရိကန်အထက်လွှတ်တော်အမတ် ၁၀၀ ဦးစလုံး ဂျူရီအဖွဲ့ဝင်အဖြစ် ကျမ်းကျိန်ရမည်ဖြစ်ပြီး ၎င်းအပေါ် စွပ်စွဲပြစ်တင်ချက်များအား ချေပရန်အတွက် ထရမ့်ထံသို့ တရားဝင် အကြောင်းကြာစာကို ဖေဖော်ဝါရီ ၂ ရက်တွင် ပေးပို့သွားမည်ဖြစ်ကြောင်း ဒေသမီဒီယာကဖော်ပြခဲ့သည်။

အထက်လွှတ်တော်ကြားနာစစ်ဆေးမှုကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ အထက်လွှတ်တော်လူများစုခေါင်းဆောင် Chuck Schumer က ဇန်နဝါရီ ၂၅ ရက်တွင်ပြောကြားရာ၌ “ ဒီကြားနာစစ်ဆေးမှုဟာ တရားမျှတမှု ရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် ဒါကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်သွားရမှာပါ ၊ အချိန်အကြာကြီးယူလို့မဖြစ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်စရာအလုပ်တွေအများကြီး ရှိနေလို့ပါပဲ” ဟု ဆိုသည်။

“ ပုန်ကန်ထကြွအောင် အားပေးလှုံ့ဆော်မှု” ဖြင့် ထရမ့်အား စွပ်စွဲပြစ်တင်ရန် ဒီမိုကရက်တစ်ပါတီမှ ထိန်းချုပ်ထားသည့် အောက်လွှတ်တော်၌ ဇန်နဝါရီ ၁၃ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ ၂၃၂ မဲ -၁၉၇ မဲဖြင့် အတည်ပြုခဲ့ရာ ထရမ့်သည် အမေရိကန်သမိုင်းတွင် သမ္မတသက်တမ်းတစ်ခုအတွင်း နှစ်ကြိမ်စွပ်စွဲပြစ်တင်ခံရသည့် ပထမဆုံးသမ္မတဖြစ်လာစေခဲ့သည်။
အထက်လွှတ်တော်အမတ် သုံးပုံနှစ်ပုံ၏ ထောက်ခံမှုရမှသာ ထရမ့်အား ဥပဒေကြောင်းအရ တရားဝင် အရေးယူနိုင်မည်ဖြစ်ရာ ဒီမိုကရက်တစ်အမတ် ၅၀ ဦးစလုံးနှင့်အတူ ရီပတ်ဘလီကန်အမတ် အနည်းဆုံး ၁၇ ဦး ပါဝင်ထောက်ခံရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သောနှစ်က ထရမ့်၏ ပထမအကြိမ်စွပ်စွဲပြစ်တင်ခြင်း ကြားနာမှုတွင် အချိန်သုံးပတ်ကြာမြင့်ခဲ့ပြီး ထရမ့်အား အာဏာအလွဲသုံးစားမှုဖြင့် အရေးယူရန် မဲခွဲခဲ့ရာတွင် ရီပတ်ဘလီကန်ပါတီဘက်မှ Mitt Romney တစ်ဦးတည်းကသာ ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။(Xinhua)

———————————————————–
(English Version)

U.S. House delivers Trump impeachment article to Senate

WASHINGTON, Jan. 25 (Xinhua) — U.S. House delivered on Monday an impeachment article against Donald Trump to the Senate, charging the former president with inciting insurrection leading to the deadly Jan. 6 Capitol riot.

Nine House Democrats, appointed by House Speaker Nancy Pelosi as impeachment managers who will serve as prosecutors in the upcoming trial, made the ceremonial walk through the Capitol building to the upper chamber to deliver the article.

“President Trump gravely endangered the security of the United States and its institutions of Government. He threatened the integrity of the democratic system, interfered with the peaceful transition of power, and imperiled a coequal branch of Government. He thereby betrayed his trust as President, to the manifest injury of the people of the United States,” Jamie Raskin, the lead impeachment manager, read aloud the single article of impeachment against Trump on the Senate floor.

All 100 U.S. senators will be sworn in as jurors on Tuesday, and a summons will be formally issued to Trump for his response, which will be due on Feb. 2, local media reported.
The trail is set to begin the week of Feb. 8.

Senate Majority Leader Chuck Schumer said on Sunday. “I believe it will be a fair trial. But it will move relatively quickly and not take up too much time because we have so much else to do.”

The Democrats-controlled House voted to impeach Trump over “incitement of insurrection” in a 232-197 vote on Jan. 13, making him the first president to be impeached twice.
At least 17 Republicans would need to join all 50 Democrats to convict Trump by a two-thirds majority.
In Trump’s first impeachment trial held last year, which lasted three weeks, only one Republican senator, Mitt Romney, voted to convict Trump on abuse of power charge. Enditem