Connect with us

WORLD

COVID-19ရောဂါ ကုသရန်အတွက် Antibody Cocktail ကုထုံးကို ဂျာမနီတွင် အသုံးပြုတော့မည်ဟု ဆို

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့၌ နှာခေါင်းစည်းတပ်သွားလာနေသူတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးစင်တာတစ်ခုရှေ့တွင် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

Antibody Cocktail ကုထုံးအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်း (၂)သိန်းကို ဂျာမနီက ဝယ်ယူထားပြီဖြစ်ရာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတွင် ဂျာမနီသည် ပထမဆုံး ထိုကုထုံးကို အသုံးပြု၍ COVID-19 ရောဂါလူနာများကို ကုသပေးသည့် နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဂျာမနီ နိုင်ငံ ကျန်းမာရေးဝန်ကြီး Jens Spahnက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ယခင်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသည့်အချိန်က ဤကုထုံးဖြင့် ကုသမှု ခံယူခဲ့ကြောင်း သိရသည်။ ဖက်ဒရယ်အစိုးရက ဆေးဝါးပစ္စည်း (၂)သိန်း ဝယ်ယူပြီးဖြစ်ရာ ကုန်ကျစရိတ်အားဖြင့် ယူရိုငွေ သန်း(၄၀၀)ရှိကြောင်း၊ ဆေးပစ္စည်းတစ်ခု၏ တန်ဖိုးသည် ယူရိုငွေ (၂,၀၀၀)ရှိကြောင်း၊ ဇန်နဝါရီ ၂၅ ရက်မှစ၍ ဂျာမနီ၏ တက္ကသိုလ်ဆေးရုံအချို့တွင် Antibody Cocktail ကုထုံးကို အသုံးပြု၍ ကိုဗစ်လူနာများကို ကုသပေးမည်ဖြစ်ကြောင်း Jens Spahnက ယင်းနေ့တွင် ဂျာမနီ Bild am Sonntagသတင်းစာကို ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ Essen ဆေးတက္ကသိုလ်တွင်  ကာကွယ်ဆေး ထိုးနှံနေသည်ကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းဆေးပစ္စည်းများကို မည်သည့် ဆေးကုမ္ပဏီမှဝယ်ယူခဲ့ကြောင်း Jens Spahnက ရှင်းလင်းပြောကြားမှုမရှိသော်လည်း ဂျာမနီ ဝယ်ယူသည့် ဆေးပစ္စည်းများသည် ထရမ့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အသုံးပြုသည့် ဆေးနှင့်ထပ်တူဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားခဲ့သည်။

ထိုကုထုံး၏ ထူးခြားချက်နှင့် အသုံးပြုနိုင်မှုအတိုင်းအတာနှင့် စပ်လျဉ်း၍ Jens Spahnက “သူ့ရဲ့ ထိရောက်မှုက passive vaccination လုပ်လိုက်သလိုပါပဲ။ ကုသမှုအစောပိုင်းကာလမှာ ဒီကုထုံးကို အသုံးပြုမယ်ဆိုရင် အန္တရာယ်များတဲ့ လူနာအတွက် ရောဂါအခြေအနေဆိုးဝါလာမှုကို ရှောင်ရှားဖို့ အကူအညီဖြစ်ပါလိမ့်မယ်”ဟု Jens Spahnက ဆိုသည်။

ထရမ့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် Regeneron Pharmaceuticals ကုမ္ပဏီ၏ Antibody Cocktail ကုထုံးနှင့် ဗိုင်းရပ်နှိမ်နင်းဆေး Remdesivirကို အသုံးပြုသည့် ကုသမှုကို ခံယူခဲ့ကြောင်း သိရသည်။ ၎င်းကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ထိုကုထုံးကို အကြိမ်ပေါင်းများစွာ ချီးကျူးပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လကုန်ပိုင်းတွင် အမေရိကန် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးဌာန(FDA)က Regeneron Pharmaceuticals ကုမ္ပဏီ၏ Antibody Cocktail ကုထုံးကို ကိုဗစ်လူနာအချို့တွင် အရေးပေါ်အသုံးပြုခွင့် ပေးခဲ့သည်။

အဆိုပါ ကုသမှုသည် တစ်ချိန်တည်းတွင် Monoclonal antibodies နှစ်မျိုးကို အသုံးပြုလည်ပတ်ခြင်းဖြစ်ကြောင်း ၊ ကိုဗစ်ရောဂါလက္ခဏာ အနည်းငယ် သို့မဟုတ် အလယ်အလတ်အဆင့်ရှိသော အရွယ်ရောက်ပြီးသူနှင့် အသက် ၁၂ နှစ်အထက် ကလေးလူနာများတွင် သုံးပြုနိုင်ကြောင်း၊ ထို့အတူ ရောဂါလက္ခဏာ ပြင်းထန်လာနိုင်ဖွယ်ရှိသည့်လူနာ သို့မဟုတ် ဆေးရုံတွင်ကုသမှုခံယူနေသည့် အန္တရာယ်များလူနာများအတွက် အသုံးနိုင်ကြောင်း ၎င်းတွင် အသက် ၆၅ နှစ်အထက် လူအုပ်စုနှင့် နာတာရှည်ရောဂါရှိသူများလည်းပါဝင်ကြောင်း အမေရိကန် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးဌာန(FDA)က ထိုအချိန်က ပြောကြားခဲ့သည်။

ဂျာမနီအစိုးရက အဆိုပါဆေးပစ္စည်းများကို ဝယ်ယူခဲ့သည့် တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂနိုင်ငံများက ကာကွယ်ဆေးပံ့ပိုးမှု လိုအပ်ချက်ဝန်ပိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အမေရိကန် Pfizerကုမ္ပဏီနှင့် ဂျာမနီBioNTech ကုမ္ပဏီမှ ပူးပေါင်း သုတေသနပြုထုတ်လုပ်သော COVID-19ကာကွယ်ဆေးသည် ဥရောပသမဂ္ဂတွင် အသုံးပြုခွင့်ရရှိခဲ့သော်လည်း Pfizerက ၎င်း၏ ဘယ်လ်ဂျီယံရှိ ဆေးဝါးစက်ရုံကို ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟုဆိုကာ ကာကွယ်ဆေး ပေးအပ်မှုကို လျှော့ချကြောင်း၊ ထိုသို့ဆောင်ရွက်မှုသည်လည်း မည်မျှကြာထိရှိနိုင်မည်ကို ရှင်းလင်းပြောကြားခြင်းမရှိကြောင်း သိရသည်။ထိုမတိုင်မီ အီတလီနှင့်ပိုလန်နိုင်ငံတို့က Pfizerကို တရားစွဲကောင်းစွဲလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

ဗြိတိန် AstraZeneca ကုမ္ပဏီ နှင့် Oxford တက္ကသိုလ်ပူးပေါင်း၍ COVID-19ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ခဲ့သည်။ စက်ရုံတစ်ရုံ၏ ထုတ်လုပ်မှုစွမ်းရည် လျော့နည်းနေမှုကြောင့် ဥရောပသမဂ္ဂကို ပေးအပ်မည့် COVID-19ကာကွယ်ဆေး၏ ပမဏကို အလားတူ လျှော့ချသွားမည်ဟု AstraZenecaက ဇန်နဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့ရာ မည်သည့်အကြောင်းအရင်းကြောင့် ထုတ်လုပ်နိုင်စွမ်းလျော့နည်းသွားသည်ကို ထုတ်ဖော်ပြောကြားမှုမရှိသေးကြောင်း သိရသည်။

ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း မလုံလောက်သည့် လက်ရှိအခြေအနေတွင် ဂျာမနီအစိုးရက ယခုနှစ် ဩဂုတ်လကုန်ပိုင်းမတိုင်မီ နိုင်ငံအတွင်းပြည်သူအားလုံးကို ပထမကာကွယ်ဆေး ထိုးနှံနိုင်မည်ဟု ယူဆလျက်ရှိကြောင်း သိရသည်။(Xinhua)
————————————————-
(Chinese Version)

德国将用“抗体鸡尾酒疗法”治新冠

  新华社北京1月25日电(记者郭倩)德国卫生部长延斯•施潘24日说,该国已购买20万份“抗体鸡尾酒疗法”所需药物制剂,将成为欧洲联盟成员国中首个使用该疗法治疗新冠患者的国家。美国前总统唐纳德•特朗普感染新冠病毒后曾接受这一疗法。
 施潘当天告诉德国《星期日图片报》,联邦政府已经购买20万份制剂,共花费4亿欧元,每一份制剂的价格为2000欧元;25日起,德国将开始在一些大学附属医院使用这种“抗体鸡尾酒疗法”治疗新冠患者。
 施潘没有说明德国政府是从哪家制药企业购买这些制剂。但他确认说,德国所采购药剂和特朗普去年10月所用的药剂相同。
  对于这种疗法的特点和适用范围,施潘解释说:“它们的起效方式更像是一种被动式的疫苗,在治疗早期阶段使用这种疗法可以帮助高风险病人避免病情恶化。”
  特朗普去年10月初确诊感染新冠病毒后,接受美国再生元制药公司的“抗体鸡尾酒疗法”以及抗病毒药物瑞德西韦治疗。他康复后多次称赞这一疗法。美国食品和药物管理局去年11月下旬批准紧急使用再生元公司的“抗体鸡尾酒疗法”治疗部分新冠病人。
  美国药管局当时说,这种疗法同时运用两种单克隆抗体,适用于治疗新冠轻症及中症成年和12岁以上儿童患者;同时适用于可能发展为重症或住院的高风险患者,包括65岁及以上人群和患慢性病的人群。
 德国政府采购这批药剂的同时,欧盟国家正面临疫苗供应不足的压力。美国辉瑞制药有限公司和德国生物新技术公司联合研发的新冠疫苗获得欧盟使用批准,但辉瑞以其位于比利时的制药厂需改造以提高产能为由,放缓疫苗交付速度,而且没有说明这一情况将持续多久。意大利和波兰方面先前警告,可能把辉瑞告上法庭。
 英国阿斯利康制药公司与英国牛津大学联合研发另一款新冠疫苗。阿斯利康22日说,由于一座工厂产能下降,同样将削减交付欧盟的新冠疫苗数量。阿斯利康没有披露产能下降原因。
尽管眼下疫苗产能不足,德国政府认为,该国有能力到今年8月底前为所有德国公民接种第一剂疫苗。
1月20日,在德国法兰克福,戴口罩的行人从一处新冠病毒检测中心外经过。(新华社记者逯阳摄)
1月18日,在德国埃森大学医学院,一名医护人员(左)在接种新冠疫苗。(新华社发,唐颖摄)