ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၁၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၀၉ ဦး ရှိရာ...
အန်ကာရာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တူရကီနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးမှု စတင်ဆောင်ရွက်ခဲ့သည်။ တူရကီ ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၅ ရက်အထိ COVID-19ကာကွယ်ဆေး ထိုးနှံပြီးသူ ကျန်းမာရေးဝန်ထမ်း (၆)...
ပါရီ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19ကပ်ရောဂါအခြေအနေ တည်ငြိမ်မှုများ မရှိသေးခြင်းကြောင့် ဇန်နဝါရီ ၁၆ ရက်မှစ၍ ပြင်သစ်တွင် ညမထွက်ရအမိန့်တားမြစ်ချက်အား တစ်နိုင်ငံလုံးတွင် တိုးချဲ့ကျင့်သုံးလျက်ရှိကြောင်းသိရသည်။
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင် လေတပ်(PAF)၏ ရဟတ်ယာဉ်တစ်စီးဖြစ်သည့် UH-1 “Huey”သည် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူ(၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံအနောက်ဆူလာဝေဆီပြည်နယ်(West Sulawesi) တွင် ဇန်နဝါရီ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၂ အဆင့်ရှိသော ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၆ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ က ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။