Connect with us

CHINA

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၁၆ ရက်က ကိုဗစ်အတည်ပြုလူနာ (၁၀၉) ဦး ရှိ၊ ၎င်းတို့အနက် (၉၆)ဦးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် COVID-19ရောဂါ သီးခြားခွဲထားစောင့်ကြည့်ရေးစင်တာ အခန်းတွင်း တပ်ဆင်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၁၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၀၉ ဦး ရှိရာ ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၃ ဦး (ရှန်ဟိုင်း ၄ ဦး၊ ဖူကျန့် ၂ ဦး၊ ကွမ်တုန်း ၂ ဦး၊ စီချွမ်း ၂ ဦး၊ ထျန်းကျင်း ၁ ဦး၊ ဆန်းတုန်း ၁ ဦး၊ ဟူနန် ၁ ဦး) ၊ ပြည်တွင်းကူးစက်မှု ၉၆ ဦး(ဟဲပေ ၇၂ ဦး၊ ဟေးလုံကျန်း ၁၂ ဦး၊ ကျီလင် ၁၀ ဦး၊ ပေကျင်း ၂ ဦး) ရှိပြီး ထပ်တိုး သေဆုံးသူ မရှိ နှင့် သံသယလူနာ ၁ ဦးရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၁၇ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနေ့တွင် ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၁၇ ဦး ၊ ဖြေလျှော့လိုက်သည့် အနီးကပ် ကျန်းမာရေးစောင့်ကြည့်မှုခံယူသူ ၁,၂၉၅ ဦး ၊ရောဂါပြင်းထန်သူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၄ ဦး ထပ်တိုးကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် COVID-19ရောဂါ သီးခြားခွဲထားစောင့်ကြည့်ရေးစင်တာ အခန်းတွင်း တပ်ဆင်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် COVID-19ရောဂါ သီးခြားခွဲထားစောင့်ကြည့်ရေးစင်တာ အခန်းတွင်း တပ်ဆင်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ ပြည်ပကူးစက်မှု အတည်ပြုလူနာ ၂၇၈ ဦး(ရောဂါ ပြင်းထန်သူ ၂ ဦး ပါဝင်)၊ သံသယလူနာ ၂ ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄,၅၀၂ ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၄,၂၂၄ ဦးနှင့် သေဆုံးလူနာ မရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက် ၂၄ နာရီအချိန်အထိ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိတွင် အတည်ပြုလူနာ ၁,၂၀၅ ဦး(ရောဂါပြင်းထန်လူနာ ၄၂ ဦး ပါဝင်)၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၈၂,၃၈၇ ဦး၊ စုစုပေါင်း သေဆုံးလူနာ ၄,၆၃၅ ဦး ၊ စုစုပေါင်း အတည်ပြုလူနာ ၈၈,၂၂၇ ဦး ၊ လက်ရှိ သံသယလူနာ ၂ ဦးရှိကြောင်း သိရသည်။ ရောဂါကူးစက်သူနှင့်အနီးကပ်ထိတွေ့ သူများအား ခြေရာခံစောင့်ကြည်မှု စုစုပေါင်း ၉၃၈,၄၆၄ ဦးရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေသူ ၃၄,၁၅၀ ဦး ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် COVID-19ရောဂါ သီးခြားခွဲထားစောင့်ကြည့်ရေးစင်တာ အခန်းတွင်း တပ်ဆင်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် COVID-19ရောဂါ သီးခြားခွဲထားစောင့်ကြည့်ရေးစင်တာ အခန်းတွင်း တပ်ဆင်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းတွင် COVID-19ရောဂါ သီးခြားခွဲထားစောင့်ကြည့်ရေးစင်တာ အခန်းတွင်း တပ်ဆင်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသစ်ထပ်တိုး လက္ခဏာမပြ ရောဂါ ကူးစက်သူ ၁၁၉ ဦး(ပြည်ပကူးစက်မှု ၁၆ ဦးပါဝင်)ရှိပြီး ၎င်းတို့အနက် ၃၂ ဦး(ပြည်ပကူးစက်မှု ၆ ဦးပါဝင်)မှာ ဇန်နဝါရီ ၁၆ ရက်တွင် အတည်ပြုလူနာဖြစ်ခဲ့ကြောင်း၊ လက်ရှိ ကျန်းမာရေးစောင့်ကြည်မှုမှ ဖြေလျှော့လိုက်သူ ၁၁ ဦး ၊ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုခံယူနေသူ လက္ခဏာမပြရောဂါကူးစက်သူ ၇၄၆ ဦး ရှိရာ ယင်းတို့အနက် ၂၆၁ ဦးမှာ ပြည်ပမှဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများ၏ သတင်းပေးပို့ချက်များအရ ယင်းဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၁၀,၃၉၈ ဦး ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၉,၅၀၂ ဦး (ဆေးရုံဆင်းလူနာ ၈,၇၂၄ ဦး၊ သေဆုံးသူ ၁၆၂ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄၆ ဦး(ဆေးရုံဆင်းလူနာ ၄၆ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၈၅၀ ဦး (ဆေးရုံဆင်းလူနာ ၇၅၁ ဦး၊ သေဆုံးသူ ၇ ဦး )ဖြစ်ကြောင်း သိရသည်။(Xinhua) 

—————————————————
(Chinese Version)

(聚焦疫情防控)国家卫健委:16日新增新冠肺炎确诊病例109例 其中本土病例96例
新华社北京1月17日电 国家卫生健康委员会17日通报,1月16日0-24时,31个省(自治区、直辖市)和新疆生产建设兵团报告新增新冠肺炎确诊病例109例,其中境外输入病例13例(上海4例,福建2例,广东2例,四川2例,天津1例,山东1例,湖南1例),本土病例96例(河北72例,黑龙江12例,吉林10例,北京2例);无新增死亡病例;新增疑似病例1例,为境外输入病例(在上海)。
当日新增治愈出院病例17例,解除医学观察的密切接触者1295人,重症病例较前一日增加4例。
境外输入现有确诊病例278例(其中重症病例2例),现有疑似病例2例。累计确诊病例4502例,累计治愈出院病例4224例,无死亡病例。
截至1月16日24时,据31个省(自治区、直辖市)和新疆生产建设兵团报告,现有确诊病例1205例(其中重症病例42例),累计治愈出院病例82387例,累计死亡病例4635例,累计报告确诊病例88227例,现有疑似病例2例。累计追踪到密切接触者938464人,尚在医学观察的密切接触者34150人。
 31个省(自治区、直辖市)和新疆生产建设兵团报告新增无症状感染者119例(境外输入16例);当日转为确诊病例32例(境外输入6例);当日解除医学观察11例(均为境外输入);尚在医学观察无症状感染者746例(境外输入261例)。
 累计收到港澳台地区通报确诊病例10398例。其中,香港特别行政区9502例(出院8724例,死亡162例),澳门特别行政区46例(出院46例),台湾地区850例(出院751例,死亡7例)。 (完)
新华社照片,石家庄,2021年1月16日
石家庄黄庄公寓隔离场所部分房屋进入室内设施安装阶段
1月16日拍摄的石家庄黄庄公寓隔离场所项目工地施工现场(无人机照片)。