Connect with us

Asia

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၅၆ ဦးအထိ မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် Mamuju မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအသင်း (SAR) မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဂျကာတာ၊ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အင်ဒိုနီးရှားနိုင်ငံအနောက်ဆူလာဝေဆီပြည်နယ်(West Sulawesi) တွင် ဇန်နဝါရီ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၂ အဆင့်ရှိသော ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၆ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ က ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူ Raditya Jati က Mamuju မြို့တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် စိုးရိမ်ဖွယ် အပြင်းအထန်ဒဏ်ရာသူ ၁၈၉ ဦးအပါအဝင် ဆေးကုသမှုဆက်လက်ခံယူနေရသည့် ဒဏ်ရာရသူအရေအတွက်မှာ ၈၂၆ ဦး ရှိကြောင်း နှင့် Majene ခရိုင်တွင် အခြားလူ ၁၂ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် Mamuju မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအသင်း (SAR) မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် Mamuju မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအသင်း (SAR) မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့ပြင်ငလျင်လှုပ်ခတ်ခဲ့သော နေရာရှိ အပျက်အစီးပုံများအောက်သို့ ဝင်ရောက်ရှာဖွေရေး လုပ်ဆောင်ရန်မှာ အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဖုန်းမက်ဆေ့ချ်ဖြင့် စာပေးပို့ ဖြေကြားခဲ့သည်။ငလျင်ကြောင့် Mamuju တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးနောက် ယခုအခါ မီးပြန်လာနေပြီဖြစ်ကြောင်း နှင့် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်နေရင်း Majene ခရိုင်တွင် လုပ်ငန်းဆောင်တာများကို ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း Jati က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် Mamuju မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအသင်း (SAR) မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အချို့သောနေရာများအတွက် အဓိက လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦဖြစ်သော ဒေသနှစ်ခုအကြား ပေါင်းကူးဆက်သွယ်ပေးထားသည့် အဓိကလမ်းမကြီးကိုလည်း ပြန်လည်ဖွင့်လှစ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် Mamuju မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအသင်း (SAR) မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် Mamuju မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအသင်း (SAR) မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေဆီပြည်နယ် Mamuju မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအသင်း (SAR) မှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ငလျင်သက်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ခိုလှုံနေရသူများအတွက် အရေးပေါ် ကူညီထောက်ပံ့ရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

—————————————————
(English Version)

Death toll of Indonesia’s earthquake climbs to 56

JAKARTA, Jan. 17 (Xinhua) — The number of casualties of the 6.2-magnitude earthquake which hit Indonesia’s West Sulawesi province on Friday, rose to 56, Indonesia’s National Disaster Management Agency said on Sunday.

The agency’s spokesman Raditya Jati said the number of injured remained at 826, including 189 people suffering serious wounds in Mamuju city who have been undergoing medical treatment, and 12 others sustaining severe injuries in Majene district.

As of Sunday, the assessment of the risks of the shallow-under land quake persists, he told Xinhua in a text message.
The electricity has returned functioning after massive blackout in Mamuju city, and parts of the facility have also recovered in Majene district, while repairs are underway, Jati said.

Besides, he said the main road connecting the two areas has also functioned after the jolts cut some parts of the main land-transportation infrastructure.
The emergency relief aids keep flowing into the affected persons who are taking shelters in several evacuation centers, he added.Enditem

Photo caption- Members of the Search and Rescue (SAR) team search in a damaged building after a 6.2-magnitude earthquake hit Mamuju, West Sulawesi, Indonesia, Jan. 15, 2021.