Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် စစ်သုံးရဟတ်ယာဉ်တစ်စီး ပျက်ကျ၊ ရဟတ်ယာဉ်ပေါ်ပါ လူ (၇)ဦး စလုံးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းMarawiပြည်နယ်တွင် ဖိလစ်ပိုင်လေတပ်၏လက်နက်တပ်ဆင်ထားသည့် ရဟတ်ယာဉ်တစ်စီးအား ၂၀၁၇ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဖိလစ်ပိုင် လေတပ်(PAF)၏ ရဟတ်ယာဉ်တစ်စီးဖြစ်သည့် UH-1 “Huey”သည် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူ(၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါရဟတ်ယာဉ်သည် အချင်းဖြစ်ပွားသည့်နေ့ညနေပိုင်းက ထောက်ပို့ရေးလုပ်ငန်းတာဝန်များထမ်းဆောင်နေစဉ် လမ်းတစ်ဝက် Bukidnonပြည်နယ်ရှိ လယ်တောတစ်ခုအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်ရှိ လေယာဉ်မှူး(၂)ဦးနှင့် လိုက်ပါသူ(၅)ဦး အားလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဆိုသည်။ အချင်းဖြစ်ပွားသည့်အကြောင်းအရင်းမှာ ရဟတ်ယာဉ်အင်ဂျင်ပျက်စီးခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကနဦး စုံစမ်းလေ့လာချက်များ အရသိရသည်။

၎င်းမှာ ဖိလစ်ပိုင်လေတပ်တွင် ယခုနှစ်ဝက်ကာလအတွင်း ဖြစ်ပွားသည့် တတိယအကြိမ်မြောက် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ကြောင်းသိရသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်က ဖိလစ်ပိုင်လေတပ်၏ ရဟတ်ယာဉ်တစ်စီး ဖိလစ်ပိုင်မြောက်ပိုင်း Isabelaပြည်နယ် တွင် ပျက်ကျခဲ့ရာ လူ (၄) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိခဲ့သလို စက်တင်ဘာ ၁၆ ရက်က ဖိလစ်ပိုင်လေတပ်၏ ရဟတ်ယာဉ်တစ်စီး တောင်ပိုင်း Basilanပြည်နယ်တွင် ပျက်ကျခဲ့ခြင်းကြောင့် ရဟတ်ယာဉ်ပေါ်ရှိ လူ(၄)ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————————
(chinese Version)

(国际)菲律宾一架军用直升机坠毁7人遇难

新华社马尼拉1月16日电(记者袁梦晨 杨柯)菲律宾军方16日说,菲空军一架“休伊”UH-1型直升机当天在菲南部布基农省坠毁,机上7人全部遇难。
菲军方称,这架直升机当天下午在执行运输补给任务途中坠毁在布基农省一处农田中,机上两名驾驶员和5名乘客全部遇难。初步调查显示,坠毁原因是发动机故障。
  这是菲空军近半年来发生的第三起直升机坠毁事故。2020年7月23日,菲空军一架直升机在菲北部伊莎贝拉省坠毁,机上4人死亡、1人受伤。同年9月16日,菲空军一架直升机在菲南部巴西兰省坠毁,机上4人全部遇难。(完)
图说: 2017年5月29日,在菲律宾南部马拉维,菲空军武装直升机发射火箭弹。