ပါရီ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19ကပ်ရောဂါအခြေအနေ တည်ငြိမ်မှုများ မရှိသေးခြင်းကြောင့် ဇန်နဝါရီ ၁၆ ရက်မှစ၍ ပြင်သစ်တွင် ညမထွက်ရအမိန့်တားမြစ်ချက်အား တစ်နိုင်ငံလုံးတွင် တိုးချဲ့ကျင့်သုံးလျက်ရှိကြောင်းသိရသည်။
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင် လေတပ်(PAF)၏ ရဟတ်ယာဉ်တစ်စီးဖြစ်သည့် UH-1 “Huey”သည် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူ(၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံအနောက်ဆူလာဝေဆီပြည်နယ်(West Sulawesi) တွင် ဇန်နဝါရီ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၂ အဆင့်ရှိသော ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၆ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ က ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယနေ့ COVID-19 အတည်ပြုလူနာသစ် ၄၉၁ ဦး တွေ့ရှိပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂.၇ ရာခိုင်နှုန်းရှိကာ ယခု ၁၀ ရက်အတွင်း ပိုးတွေ့ရှိမှု ၃.၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာကြောင်း၊ ပိုးတွေ့ရှိမှုနှုန်း ဆက်လက်ကျဆင်းနိုင်ချေရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယခုနောက်ပိုင်းတွင် နိုင်ငံတကာပို့ကုန်ကဏ္ဍ၌ ပုံမှန်ကုန်သွယ်ရေးသာမက နယ်စပ်ကုန်သွယ်ရေးတွင်ပါ အရည်အသွေးပိုင်းအား ပိုမိုဦးစားပေးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်မှုအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ဆင်ဟွာသို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။