ဂျကာတာ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အင်ဒိုနီးရှားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိရာ အဆင့်ခွဲ၍ တစ်နိုင်ငံလုံးရှိပြည်သူများအား အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၇၀၅ ဦး အနက် ၆၁၇ ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ဧရာဝတီလင်းပိုင် သေဆုံးမှု ၈ ကောင်ခန့်ရှိပြီး ဧရာဝတီလင်းပိုင် မွေးဖွားမှုသည်လည်း ၈ ကောင်ခန့် ရှိကြောင်း ၊ ထို့ကြောင့်သေဆုံးမှုနှင့် မွေးဖွားမှု နှုန်းမှာ ဆတူခန့်ရှိနိုင်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊...
အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျော်ဒန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ တစ်နိုင်ငံလုံး စတင်နေပြီဖြစ်ကြောင်း သိရသည်။ ပထမအသုတ် ကာကွယ်ဆေးထိုးနှံမှုကို ကပ်ရောဂါကာကွယ်ရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါအခံရှိသူများကို အဓိကထား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် သိသိသာသာ ကျဆင်းနေသော်လည်း စိတ်ချရပြီဟု တွေးဆရန်မသင့်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၃ ရက်၌ သတိပေးပြောကြားခဲ့သည်။