Connect with us

WORLD

ဂျော်ဒန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုများ တစ်နိုင်ငံလုံးစတင်

ဂျော်ဒန်နိုင်ငံ မြို့တော် အာမန်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျော်ဒန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ တစ်နိုင်ငံလုံး စတင်နေပြီဖြစ်ကြောင်း သိရသည်။ ပထမအသုတ် ကာကွယ်ဆေးထိုးနှံမှုကို ကပ်ရောဂါကာကွယ်ရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါအခံရှိသူများကို အဓိကထား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

COVID-19ကာကွယ်ဆေးထိုးနှံမှုကို ဂျော်ဒန်တစ်နိုင်ငံလုံးရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာ(၂၉)ခုတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် လူပေါင်း(၅,၀၀၀)ခန့်ကို ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားကြောင်း ဂျော်ဒန် ကျန်းမာရေးဝန်ကြီး Nazir Obeidatက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် မိမိသဘောဆန္ဒအလျောက် အခမဲ့ ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံ မြို့တော် အာမန်တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကာကွယ်ဆေး သိုလှောင်မှုသည် နိုင်ငံ၏ လူဦးရေ (၂၀)ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ကြောင်း Nazir Obeidatက ထိုမတိုင်မီ ပြောကြားခဲ့သည်။ ကာကွယ်ဆေးထိုးနှံခြင်းသည် ကပ်ရောဂါအဆုံးသတ်သွားခြင်းမဟုတ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ပါးစပ်နှာခေါင်းစည်း ဆက်လက်တပ်ဆင်ရန် ၊ လူမှုဘဝတွင် ခပ်ခွာခွာနေရန်၊ လူစုလူဝေးရှောင်ကြဉ်ရန် လိုအပ်ကြောင်း ဆိုသည်။

ဂျော်ဒန် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ နိုင်ငံအတွင်း ထပ်တိုးအတည်ပြုလူနာ (၁,၁၇၆)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၃၀၉,၈၄၆)ဦး၊ စုစုပေါင်း သေဆုံးသူ (၄,၀၇၆) ဦး ၊ ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း (၂၉၂,၁၀၄)ဦး ရှိကြောင်း သိရသည်။(Xinhua)
—————————————
(Chinese Version)
(国际疫情)约旦启动全国新冠疫苗接种工作
2021-01-13 23:32:04
  新华社安曼1月13日电(记者冀泽)约旦自13日起在全国范围内展开新冠疫苗接种工作,首批接种对象主要为防疫工作人员、老年人和慢性病患者。
约旦卫生大臣纳齐尔•奥贝达特13日在一处疫苗接种现场对媒体说,新冠疫苗接种工作当天在约旦全国29处接种点顺利进行,约旦卫生部计划每天为大约5000人接种疫苗。所有在约民众可自愿、免费接种。
  奥贝达特此前说,该国疫苗储备可满足其20%的人口接种。他还表示,疫苗接种并不意味着疫情结束,民众应继续戴口罩、注意保持社交距离并避免聚集性活动。
  约旦卫生部12日发布的数据显示,该国新增确诊病例1176例,累计确诊309846例;累计死亡4076例;累计治愈292104例。(完)

新华社照片,安曼,2021年1月13日
(国际疫情)约旦启动全国新冠疫苗接种工作
1月13日,在约旦首都安曼,一名男子接种新冠疫苗。
约旦自13日起在全国范围内展开新冠疫苗接种工作,首批接种对象主要为防疫工作人员、老年人和慢性病患者。
新华社发(穆罕默德•阿布•古什 摄)