ဟဲနန်၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘဲငန်းမြို့တော်ဟုတင်စားခေါ်ဝေါ်သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် Sanmenxia တွင် အောက်တိုဘာလမှ မတ်လအတွင်း ထောင်ပေါင်းများစွာသော ဆောင်းခို ဘဲငန်းများက မြို့ထဲရှိ ကန်ကြီးတွင် လာရောက်ကာ နားခိုကြသည်။ နှစ်စဉ်နှစ်တိုင်း ထိုသို့ဘဲငန်းထောင်ပေါင်းများစွာလာရောက်နားခိုသောကြောင့် ဒေသခံများက ဘဲငန်းမြို့တော်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ဆောင်းတွင်းတစ်ခုလုံး ဘဲငန်းများ အသက်ရှင်နေထိုင်နိုင်ရန်အတွက်...
ကျန်းကျားကျဲ့၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျန်းကျားကျဲ့ရှိ ဝူလင်ယွမ်ရှုခင်းသာ ဒေသ၏ ဆောင်းရာသီအလှအပမြင်ကွင်းများ မှာ တိမ်တောင်များအကြားအလွန်ပနံရသည့် ပန်းချီကားတစ်ချပ်အသွင် ရှုချင်စဖွယ်ရှိလှသည်။ ဆောင်းရာသီ၏ အအေးဓါတ်ကြောင့် ရေခဲများကပ်ငြိနေသည့် အပင်များအရွက်များကလည်း သဘာဝ၏ အလှအပကို ပိုမိုပံ့ပိုးပေးသယောင်ရှိပြီး သာယာလှပမှုမြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးတင်ဆက်ပါသည်။(Xinhua)
ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo) အား ယခုနှစ် နိုဝင်ဘာလအစောပိုင်းတွင် ကျင်းပရန်စီစဉ်ထားပြီး ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၅၀၀ ကျော် တက်ရောက်ရန် အတည်ပြုထားကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇန်နဝါရီလ ၁၈...
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များက သင်ခန်းစာများကို မမေ့ပစ်ကြရန်နှင့် အမုန်းစကားများမှ ဝေးဝေးနေကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဇန်နဝါရီလ ၁၈ ရက်က သတိပေးလိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ် နွေဦးပွဲတော် နီးကပ်လာပြီဖြစ်သည့်အတွက် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူး” နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာကျင်းပရေးလှုံ့ဆော်မှုအား တရုတ်နိုင်ငံက စတင်လိုက်ကြောင်း သိရသည်။