Connect with us

Europe

ဗြိတိန်နိုင်ငံတွင် COVID-19 ရောဂါ တားဆီး နိုင်ရန် အတွက် နေအိမ်ပြင်ပ မထွက်ခွာရ အမိန့် ထပ်မံ ထုတ်ပြန်

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Boris Johnson မိန့်ခွန်းပြောကြားနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဗြိတိန်နိုင်ငံတွင် တစ်နေ့တစ်ခြား ပိုမိုခက်ခဲစွာရင်ဆိုင်နေရသော COVID-19 ရောဂါ အား တားဆီး နိုင်ရန်အတွက် ဗြိတိန်နိုင်ငံ အင်္ဂလန် နှင့် စကော့တလန် စသည့် ဒေသများတွင် ဇန်နဝါရီ ၄ ရက် ညပိုင်းအချိန်မှ စတင်၍ နေအိမ်ပြင်ပသို့ မထွက်ခွာရ အမိန့်အား ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အင်္ဂလန်တွင် အကျယ်အပြန့် ဆုံး တတိယ အကြိမ်မြောက် နေအိမ်ပြင်ပမထွက်ခွာရ အမိန့်ထုတ်ပြန်ကြေညာချက်ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်( Boris Johnson) က ဇန်နဝါရီ ၄ ရက် ၌ ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အင်္ဂလန် တွင် နေအိမ်ပြင်ပမထွက်ခွာရ ကန့်သတ်မှု ကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ယင်းကန့်သတ်ချက်သည် ဖေဖော်ဝါရီ လလယ်ပိုင်းအချိန်ထိ ဖြစ်ကာ အစိုးရ အနေဖြင့် ကပ်ရောဂါ ၏ နောက်ဆုံးရရှိလာသည့် အခြေအနေများ အရ ပြင်ဆင်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းဖော်ပြချက်များအရ အင်္ဂလန်တွင် နေအိမ်ပြင်ပမထွက်ခွာရ အမိန့်ထုတ်ပြန်ထားသည့် ကာလအတွင်း နေစဉ်သုံးမဖြစ်မနေလိုအပ်သောပစ္စည်းဝယ်ယူခြင်း နှင့် နေအိမ်အတွင်း မှ လုပ်ဆောင်၍ မရသော လုပ်ငန်း အနည်းငယ်များ မှ လွဲ၍ ပြည်သူများအနေဖြင့် အတက်နိုင်ဆုံး နေအိမ်အတွင်း နေထိုင်ရမည်ဖြစ်ကြောင်း ၊ မူလတန်း နှင့် အလယ်တန်းကျောင်းသားများကို ဇန်နဝါရီ ၅ ရက် မှ စတင်၍ အွန်လိုင်းမှ တစ်ဆင့် သင်ကြားပေးသွားမည်ဖြစ်ပြီး မသန်စွမ်းသူအချို့ နှင့် အန္တရာယ်များသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ရသည့် အလုပ်သမားများ၏ သားသမီးများမှာမူ ကျောင်းများ၌ စာပေ သင်ယူနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အင်္ဂလန်အစိုးရ က ဇန်နဝါရီ ၄ ရက် အစောပိုင်းအချိန်တွင် ဒေသတွင်း အချို့သော ကျွန်းများမှလွဲ၍ အင်္ဂလန်နိုင်ငံတစ်ဝှမ်း နေအိမ်ပြင်ပမထွက်ခွာရ အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကန့်သတ်ချက်သည် ဇန်နဝါရီလကုန်ပိုင်းအချိန်ထိ အမိန့်သက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံအစိုးရ ၏ ဇန်နဝါရီ ၄ ရက် ထုတ်ပြန်ကြေညာခဲ့သော ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၅၈,၇၈၄ ဦးရှိပြီး ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂,၇၁၃,၅၆၃ ဦးထိရှိလာကြောင်း သိရှိရသည်။ (Xinhua)

———————————————————
(Chinese Version)

英国再次实施“禁足”以遏制新冠疫情

新华社伦敦1月4日电(记者张家伟 金晶)为应对日益严峻的新冠疫情,英国英格兰和苏格兰地区4日宣布从当晚开始实施“禁足”措施。这是自疫情暴发以来英格兰地区第三次大范围“禁足”。

  英国首相约翰逊4日晚发表电视讲话,宣布在英格兰实施大范围“禁足”措施,并表示“禁足”将持续至2月中,政府届时将根据最新疫情调整防疫措施。

  据报道,英格兰地区“禁足”期间,除购买生活必需品、从事无法居家完成的工作等少数情况外,民众应尽可能留在家中;中小学校5日开始网上教学,只允许一些弱势群体以及医护人员等高危人群的子女到学校学习。

  苏格兰地方政府4日早些时候宣布,除当地少数岛屿地区外,苏格兰将实施“禁足”措施,并持续至1月底。
英国政府4日发布的疫情数据显示,该国当天新增新冠确诊病例58784例,累计确诊病例2713563例。
Photo
7月24日,在英国伦敦,新当选的英国首相鲍里斯•约翰逊在唐宁街10号首相府门前发表讲话。 英国前外交大臣、伦敦前市长鲍里斯•约翰逊23日当选执政党保守党领袖,在获得女王伊丽莎白二世批准后将接替特雷莎•梅担任英国首相。 新华社记者 韩岩 摄