Connect with us

WORLD

COVID-19 အစုလိုက်အပြုံလိုက် ကူးစက်မှုနှင့် ဆက်စပ်၍ စိုးရိမ်မှုကြောင့် ဆစ်ဒနီတွင် နှာခေါင်းစည်း မတပ်မနေရ အမိန့်ထုတ်ပြန်

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရန် သတိပေးဆိုင်းဘုတ်ကို ဖတ်ရှုနေသည့် နှာခါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်

ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီမြို့တွင် COVID-19 ကူးစက်မှုဆက်လက်မြင့်တက်လာသဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းကို မလုပ်မနေရအဖြစ် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပြည်နယ်မြို့တော်လည်းဖြစ်သည့် ဆစ်ဒနီမြို့တော်နှင့်အတူ နယူးဆောက်သ်ဝေးလ်ပြည်နယ်ကလည်း ဈေးဝယ်စင်တာများ၊ အများပြည်သူ သို့မဟုတ် အများသုံးသယ်ယူပို့ဆောင်ရေး၊ အခန်းတွင်းဖျော်ဖြေမှု နေရာများ၊ ဝတ်ပြုဆုတောင်းရာနေရာများ၊ ဆံပင်နှင့် အလှပြုပြင်ရေးနေရာများတွင် နှာခေါင်းစည်း တပ်ဆင်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဧည့်ခံကျွေးမွေးရေးပြုလုပ်ရာနေရာမှ ဝန်ထမ်းများသည်လည်း နှာခေါင်းစည်း တပ်ဆင်ရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်နေ့က ပြောခဲ့သည်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နှာခါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နှာခါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ စက်ဘီးစီးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ) 

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ ပြည်သူများ လမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

 

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘူတာရုံတစ်ခုတွင် နှာခေါင်းစည်းတပ်ဆင်ထားသော ပြည်သူများကို တွေ့ရစဉ် (ဆင်ဟွာ) 

အဆိုပါ ပြဋ္ဌာန်းချက်အား ဇန်နဝါရီ ၄ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး မလိုက်နာသူများကို သြစတြေးလျဒေါ်လာ ၂၀၀ (အမေရိကန်ဒေါ်လာ ၁၅၃.၇ ခန့်) ဒဏ်ရိုက်ခံရမည်ဖြစ်သည်။ အသက် ၁၂ နှစ်အောက် ကလေးများအနေဖြင့်မူ ဒဏ်ကြေး ကင်းလွတ်ခွင့်ရမည်ဖြစ်သော်လည်း လက်တွေ့တွင် နှာခေါင်းစည်းတပ်ဆင်ခြင်း အလေ့အကျင့်ရရှိရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း နယူးဆောက်သ်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ် Gladys Berejiklian နှင့် ကျန်းမာရေးဝန်ကြီး Brad Hazzard က ကြေညာချက်၌ ပြောကြားထားသည်။ (Xinhua)

———————————————————
(English Version)

Face masks mandatory in Sydney as Aussie states concerned over linked COVID-19 cluster

SYDNEY, Jan. 5 (Xinhua) — Wearing face masks are mandatory in Australia’s biggest city of Sydney as locally acquired COVID-19 cases continue to grow.
The state of New South Wale, with Sydney as the capital city, said on Saturday that face masks will be mandatory in indoor settings such as shopping centers, public or shared transport, indoor entertainment, places of worship, and hair and beauty premises. Staff in hospitality venues must also wear face masks.
The compliance started from Jan. 4 and people who disobey the rules will face an on-the-spot fine of 200 Australian dollars (about 153.7 U.S. dollars). Children under 12 are exempt but are encouraged to wear masks where practicable, a statement from NSW Premier Gladys Berejiklian and Health Minister Brad Hazzard said.
1- A woman wearing a mask reads a mask-wearing notice in Sydney, Australia, Jan. 4, 2020. (Xinhua/Bai Xuefei)
2- 3A woman wearing a mask walks in Sydney, Australia, Jan. 4, 2020. (Xinhua/Bai Xuefei)

4- A man wearing a mask rides in Sydney, Australia, Jan. 4, 2020. (Xinhua/Bai Xuefei)

5- People wearing masks walk in Sydney, Australia, Jan. 4, 2020. (Xinhua/Bai Xuefei)

6- A woman wearing a mask walks in Sydney, Australia, Jan. 4, 2020. (Xinhua/Bai Xuefei)

7- People wearing masks are seen at a railway station in Sydney, Australia, Jan. 4, 2020. (Xinhua/Bai Xuefei)■