နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့က အသုံးမလို၍ စွန့်ပစ်သွားခဲ့သော ဖောက်ခွဲရေးပစ္စည်းများ နိုဝင်ဘာ ၂၀ရက်က ရုတ်တရက်ပေါက်ကွဲခဲ့ရာ လူ ၆ဦးသေဆုံးပြီး လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးရသတင်းများအရ သိရသည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ဒန်ဗာမြို့(Denver)တွင် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
အဘူဂျာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း တွင် လွန်ခဲ့သော လအနည်းငယ်အတွင်း ပြန်ပေးဆွဲမှုများ နှင့် ဓါးပြတိုက်မှုများ မြင့်တက်လာခဲ့သည့် Kaduna ပြည်နယ် တွင် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက သေနတ်သမား ၁၄ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကာကွယ်ရေးဌာနချုပ်က နိုဝင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၃နှစ်တာကာလအတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ နိုဝင်ဘာ ၂၀ ရက်တွင် ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အမျိုးသား လုံခြုံရေးဌာန က လတ်တလောရက်ပိုင်း အတွင်း မြို့တော် ကဘူးလ် တွင် တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်နေသည့် IS အစွန်းရောက် အဖွဲ့ဝင် ၄ ဦး အား ဖမ်းဆီး...