Connect with us

Politics, Law & Military

မူဆယ်မြို့တွင် ကျပ် ၁,၅၂၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကျပ် ၁,၅၂၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေး၊ တိုက်တန်းအမှတ် (R-10)ရှိ ခရီးသည်ပို့ဆောင်ရေးကားဂိတ်တွင် အမျိုးသား ၂ ဦးက မသင်္ကာဖွယ် စက္ကူဂျပ်ဖာများလာရောက်အပ်နှံသွားကြောင်း သတင်းအရ သွားရောက်ဖွင့်ဖောက် စစ်ဆေးခဲ့ရာ အဆိုပါ စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းဖြူ ၉.၉ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၄၈၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈ သိန်း)တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။အဆိုပါ သိမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)