Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံရသူ တွေ့ရှိ ၊ COVID-19 ကူးစက်ခံရသည့် လူငယ် စုစုပေါင်း ၂ သန်းကျော်အထိ ရှိလာ

အမေရိကန်နိုင်ငံ ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုတွင် ဒီဇင်ဘာ ၂၃ ရက် က နှာခေါင်းစည်း တပ်၍ သွားလာနေသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန်/ဆင်ဟွာ

အမေရိကန် နိုင်ငံ ကော်လိုရာဒိုပြည်နယ် တွင် ဒီဇင်ဘာ ၂၉ ရက် ၌ ပထမဦးဆုံးသော ဗြိတိန်နိုင်ငံမှ ထုတ်ပြန်ထားသော ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ကို စတင်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံ ကလေးအထူးကု နှင့် ကလေးဆေးရုံအသင်း ၏ ဒီဇင်ဘာ ၂၉ ရက် ၌ ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်အရ အမေရိကန် နိုင်ငံ၌ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ယခုချိန်ထိ COVID-19 ရောဂါ ကူးစက်ခံရသည့် လူငယ်ပေါင်း ၂ သန်းကျော် ရှိကြောင်း သိရှိရသည်။

ကော်လိုရာဒိုပြည်နယ် အုပ်ချုပ်ရေးမှူး Jared Polis ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ခံထားရသူက အသက် ၂၀ ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ၎င်း ကူးစက်ခံရသည့် COVID-19 ရောဂါပိုး အမျိုးအစား က ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ ရောဂါပိုးဖြစ်သော “B1.1.7” (“VUI-202012/01” ဟူ၍လည်းခေါ်ဆိုသည်) ဖြစ်ကြောင်း ၊ ၎င်းအမျိုးသားအနေဖြင့် လတ်တလောကာလ အတွင်း ခရီးသွားလာခြင်းမရှိခဲ့ဘဲ လက်ရှိချိန်တွင် သီးသန့်ခွဲခြားနေထိုင်ကြောင်း ၊ အများပြည်သူကျန်းမာရေးဌာန အနေဖြင့် ၎င်းနှင့် အနီးကပ် ထိတွေ့ဆက်ဆံမှု ရှိသူများကို ခြေရာခံကောက်ယူမှု အနီးကပ် ဆောင်ရွက်နေပြီး အခြားအလားတူ ရောဂါပိုး ကူးစက်ခံရသူ ရှိမရှိကို စစ်ဆေးမှုဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ကလေးအထူးကု နှင့် ကလေးဆေးရုံအသင်း ၏ ဒီဇင်ဘာ ၂၉ ရက် ထုတ်ပြန်ကြေညာချက်အရ ဒီဇင်ဘာ ၂၄ ရက် အချိန်ထိ အမေရိကန်နိုင်ငံ တွင် လူငယ် စုစုပေါင်း ၂,၀၀၀,၆၈၁ COVID-19 ရောဂါ ကူးစက်ခံရကြောင်း ၊ ယင်းပမာဏ က အမေရိကန်နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၏ ၁၂.၄ ရာခိုင်နှုန်းရှိပြီး အမေရိကန်နိုင်ငံတွင် လူငယ်ပေါင်း တစ်သိန်းတိုင်းတွင် ၂,၆၅၈ ဦး က COVID-19 ရောဂါ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

စာရင်းပြုစုချက်များအရ နိုဝင်ဘာ ၁၂ ရက် မှ စတင်၍ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသည့် လူငယ် စုစုပေါင်း တစ်သန်းခန့်ရှိပြီး ဒီဇင်ဘာ ၁၇ ရက် မှ ၂၄ ရက် အထိ တစ်ပတ်အတွင်း အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသည့် လူငယ် စုစုပေါင်း ၁၈၀၀၀၀ ခန့် တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတွင် ဒေသအသီးသီး အလိုက် လူငယ် ၏ အသက်အရွယ် သက်မှတ်ချက်တွင် ကွဲပြားခြားနားမှုရှိပြီးအများစုသောပြည်နယ်များတွင် လူငယ်၏ အသက်အား မွေးကင်းစ မှ အသက် ၁၉ နှစ် အထိ အရွယ်ကို လူငယ်အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ အမျိုးသား ဓာတ်မတည့်ခြင်း နှင့် ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူး Anthony Fauci က ဒီဇင်ဘာ ၂၉ ရက်၌ လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်မှုက လျင်မြန်စွာ တိုးပွားလာခဲ့ပြီး ကပ်ရောဂါသည် ဘက်ပေါင်းစုံတွင် စတင်၍ ထိန်းချုပ်၍ မရတော့သည့် အခြေအနေ ဖြစ်လာကြောင်း ၊ လတ်တလောကာလ သည် ရုံးပိတ်ရက်ရာသီလည်းဖြစ်သောကြောင့် ပြည်သူများက ခရီးသွားခြင်းများကို ဆောင်ရွက်လာခြင်းသည် လက်ရှိဖြစ်ပွားနေသည့် လျင်မြန်စွာ ကူးစက်မှုကို ပိုမိုမြှင့်တက်လာစေနိုင်ကြောင်း ၊ ယင်းအချက်မှာ လွန်စွာ စိတ်ပူစရာကောင်းပြီး အမေရိကန်နိုင်ငံ ၏ ကပ်ရောဂါ အခြေအနေသည် လာမည့်လတွင် ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက် အရ ဒီဇင်ဘာ ၂၉ ရက် ညပိုင်း အချိန်ထိ အမေရိကန်နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၉.၅၃ သန်း အထိ ရှိလာခဲ့ပြီး သေဆုံးခဲ့ရသူ စုစုပေါင်း ၃၃၈,၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။ (Xinhua)

—————————————–
(Chinese Version)

(国际疫情)综述:美国发现变异病毒感染病例 累计逾200万儿童感染新冠

  新华社华盛顿12月29日电综述:美国发现变异病毒感染病例 累计逾200万儿童感染新冠
  新华社记者谭晶晶
  美国科罗拉多州29日确认发现了全美首例感染英国报告的变异新冠病毒的病例。此外,根据美国儿科学会和儿童医院协会29日联合发布的最新报告,自新冠疫情暴发以来,美国已有超过200万名儿童确诊感染新冠病毒。
  科罗拉多州州长贾里德•波利斯在一份声明中说,感染者是一名20多岁的男子,其感染的新冠病毒为在英国发现的变异病毒“B1.1.7”(也称“VUI-202012/01”)。这名男子近期没有旅行史,目前处于隔离中。公共卫生部门正在对其密切接触者进行追踪,将进一步确认是否有其他可能的病例。
  美国儿科学会和儿童医院协会29日报告称,截至12月24日,美国累计报告2000681例儿童新冠确诊病例,占美国新冠确诊病例总数的12.4%,每10万名儿童中有2658人感染。
  数据显示,自11月12日以来,全美儿童新冠确诊病例增加了约100万例。在12月17日至24日的一周内,全美新增儿童新冠确诊病例近18万例。
  美国各地对儿童年龄的界定不尽相同,大部分州将儿童年龄界定为0至19岁。
  美国国家过敏症和传染病研究所所长安东尼•福奇29日表示,目前美国新冠感染病例激增,疫情在各方面都开始“失控”。近期假日季大量民众出行,很可能会导致在现有病例“激增潮”基础上再增加,这非常令人担忧。他认为,美国新冠疫情下个月的情况可能比这个月更加糟糕。
据美国约翰斯•霍普金斯大学发布的疫情统计数据,截至当地时间29日晚,美国累计确诊病例已超过1953万例,累计死亡病例超过33.8万例。(完)

Photo
新华社照片,阿灵顿(美国),2020年12月24日
(国际疫情•新华视界)(2)美疾控中心呼吁民众假期居家以防新冠传播
12月23日,在美国弗吉尼亚州阿灵顿的罗纳德•里根华盛顿国家机场,旅客戴着口罩走在航站楼内。
因美国圣诞假期来临,美疾病控制和预防中心日前发布建议,强调出行会增加感染和传播新冠风险,在假日期间居家是保护自己和他人的最好方式。
新华社发(沈霆 摄)