ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ယခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီကာလအတွက် တရုတ်နိုင်ငံတွင် အဓိကလူအုပ်စု အချို့အား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပေးမှုများ စတင်ပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ပြည်နယ်နှင့်မြို့အသီးသီးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုများ စတင်နေပြီဖြစ်ရာ ပြည်ပတင်သွင်း အအေးခန်းကုန်ပစ္စည်းလုပ်ငန်း(အေးခဲသားငါး)နှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးမည်...
ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံတွင် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းအထိ COVID-19ရောဂါဖြစ်ပွားသူ ၁၂၄,၆၃၀ ဦးရှိပြီး သေဆုံးသူ ၂,၆၈၂ ထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်နှုတ်ခွန်းဆက်မိန့်ခွန်းကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ကမ္ဘာသူကမ္ဘာသားများအနေဖြင့် COVID-19 ကပ်ရောဂါ တိမ်တိုက်မည်းကြီးများကို ဆောလျင်စွာ တိုက်ထုတ်ရေး...
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ပြည့်နှစ်တစ်နှစ်လုံးအားခြုံကြည့်ပါက စီးပွားရေးလုပ်ငန်းများ အေးစက်ခဲ့သော်လည်း ကဏ္ဍပေါင်းစုံအနေအထားဖြင့် ကြည့်မည်ဆိုပါက စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ဒသမ ၈ရာခိုင်နှုန်း ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။