Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19ရောဂါဖြစ်ပွားသူ ၁၂၄,၆၃၀ ဦးရှိပြီး သေဆုံးသူ ၂,၆၈၂ ထိရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံတွင် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းအထိ COVID-19ရောဂါဖြစ်ပွားသူ ၁၂၄,၆၃၀ ဦးရှိပြီး သေဆုံးသူ ၂,၆၈၂ ထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ COVID-19ရောဂါဖြစ်ပွားသူ ၈၉၀ ဦးတွေ့ရှိပြီး ရောဂါပိုးဖြစ်ပွားမှုသည် ၇ ရက်က်ဆက်တိုက် ၃ ရာခိုင်နှုန်းကျော်ထိ ကျဆင်းလာကြောင်း သိရသည်။

COVID-19 ရောဂါပိုးဖြစ်ပွားသူသည် ဒီဇင်ဘာ ၂၅ ရက်နေ့မှစတင်ပြီး ၃ ရာခိုင်နှုန်းထိကျဆင်းလာကြောင်းနှင့် ယနေ့တွင် ၃.၇ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၄,၀၀၇ ခုအား စစ်ဆေးရာ COVID-19ရောဂါပိုးရှိသူ ၈၉၀ဦးတွေ့ရှိပြီး သေဆုံးသူ ၁၈ ဦးရှိခဲ့ကြောင်း သိရသည်။

ရောဂါသက်သာပျောက်ကင်း၍ ယနေ့(ဒီဇင်ဘာ ၃၁ ရက်)ထိ ဆင်းရုံ ဆင်းခွင့်ရရှိသူ ၁၀၇,၀၆၉ ဦးရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိကူးစက်ဖြစ်ပွားနေမည့် COVID-19 နှင့်အတူ မိမိတို့အနေဖြင့် ဆက်လက်ရှင်သန် နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစားကြံဆကြိုးပမ်း ကြရမည် ဖြစ်ကြောင်း ၊ သို့မဟုတ်ပါက နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည် ဖြစ်ကြောင်း ၊ ပြည်သူအားလုံးအနေဖြင့် မိမိတို့နေ့စဉ် လူမှုဘဝနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ်တို့တွင် အဓိကအားဖြင့် (၁) ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ (၂) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ခြင်း၊ (၃) လက်ကို မကြာခဏဆေးကြောခြင်း၊ (၄) တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းစသည့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.