Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်နှုတ်ခွန်းဆက်မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၀၂၁ ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်နှုတ်ခွန်းဆက်မိန့်ခွန်းကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘာသူကမ္ဘာသားများအနေဖြင့် COVID-19 ကပ်ရောဂါ တိမ်တိုက်မည်းကြီးများကို ဆောလျင်စွာ တိုက်ထုတ်ရေး ကြိုးပမ်းအားထုတ်မှု ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာကြီးအနေဖြင့် လူသားမျိုးနွယ်အားလုံးအတွက် ပိုမိုကောင်းမွန်သော အိမ်အဖြစ် တည်ဆောက်သွားရမည်ဖြစ်ကြောင်း သမ္မတ ရှီက မိန့်ခွန်း၌ တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ခေတ်မီဆိုရှယ်လစ်နိုင်ငံ တစ်နိုင်ငံအဖြစ် အပြည့်အဝတည်ဆောက်ရေး ခရီးစဉ်သစ်ကို စတင်သွားမည်ဖြစ်ကြောင်းလည်း သမ္မတ ရှီက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း နှစ်ပေါင်း ၁၀၀ ပြည့်မြောက်သည့် အထိမ်းအမှတ် အခါသမလည်းဖြစ်ကြောင်း၊ CPC ပါတီသည် တရုတ်နိုင်ငံ ပြည်သူများ၏ မျှော်လင့်ချက်များနှင့် နိုင်ငံ၏ မျှော်လင့်ချက်ကို တည်ငြိမ်စွာ ရှေ့ဆက်နိုင်ရန် ဦးဆောင်လျက်ရှိသည့် အလွန်တရာကြီးမားလှသော သင်္ဘောတစ်စင်းအဖြစ် သမ္မတ ရှီက ညွှန်းဆိုပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၂၀ ပြည့်နှစ်အတွင်း ယွမ် ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၃၈ ထရီလီယံ) ကျော်လွန်သွားမည်ဟု မျှော်မှန်းထားကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ယခုနှစ်အတွက် အပြုသဘောဆောင်သော တိုးတက်မှုအဖြစ် မှတ်တမ်းတင်လျက်ရှိသော ပထမဆုံးနိုင်ငံကြီးလည်း ဖြစ်လာပြီဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က နှစ်သစ်နှုတ်ခွန်းဆက်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
—————————————–
(English Version)
President Xi delivers 2021 New Year speech
Source: Xinhua| 2020-12-31 19:02:31|Editor: huaxia

BEIJING, Dec. 31 (Xinhua) — Chinese President Xi Jinping delivered a New Year speech Thursday evening in Beijing to ring in 2021. Enditem
Xi calls for joint efforts to build better home planet
2020-12-31 19:10:05
BEIJING, Dec. 31 (Xinhua) — People across the world should make joint efforts to drive away the dark clouds of the COVID-19 pandemic at an early date and build the planet Earth into a better home for all humanity, Chinese President Xi Jinping said Thursday when delivering a New Year speech to ring in 2021 in Beijing. Enditem
………………
China to start new journey to fully build modern socialist country: Xi
BEIJING, Dec. 31 (Xinhua) — China will embark on a new journey to fully build a modern socialist country, President Xi Jinping said Thursday when delivering a New Year speech to ring in 2021 in Beijing. Enditem

China’s GDP expected to exceed 100 trln yuan in 2020: Xi
Source: Xinhua| 2020-12-31 19:19:24|Editor: huaxia

BEIJING, Dec. 31 (Xinhua) — China’s gross domestic product (GDP) is expected to exceed 100 trillion yuan (15.38 trillion U.S. dollars) in 2020, Chinese President Xi Jinping said in Beijing Thursday when delivering a New Year speech to ring in 2021.
China has become the first major economy in the world to register positive growth for the year, Xi said. ■
……….

CPC to mark centenary in 2021: Xi
BEIJING, Dec. 31 (Xinhua) — The year 2021 marks the 100th anniversary of the founding of the Communist Party of China (CPC), President Xi Jinping said Thursday when delivering a New Year speech in Beijing.
Xi described the Party as a gigantic vessel that leads China forward steadily with people’s expectations and the hope of the nation. Enditem

Chinese President Xi Jinping delivers a New Year speech Thursday evening in Beijing to ring in 2021. (Xinhua/Ju Peng)