ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းအား ဒီဇင်ဘာ၃၁ရက်ထိ ရက်ထပ်တိုးပိတ်ခြင်းနှင့် ပတ်သက်၍ ကုန်သည်ကြီးများအသင်းမှ ကုန်အဝင်အထွက်အားဖွင့်လှစ်ပေးရန် တောင်းဆိုတင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမျိုးသူက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီသည် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ လူပေါင်း ၄၅ ဦးတွင် ထပ်မံဖြစ်ပွားခဲ့သည့်အတွက် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇,၉၇၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။
ဒါကာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် (PBRLP) စီမံကိန်းနှင့်ချိတ်ဆက်ထားသော ပတ္တမတံတားတည်ဆောက်ရေးတွင်အသုံးပြုရန် တရုတ်နိုင်ငံ CREC က ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင်တည်ဆောက်ထားသော စက်ရုံမှ ကွန်ကရစ် ဇလီဖားတုံးများကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်းသိရသည်။ ယင်းစက်ရုံသည် ဒါကာ မြို့တော်မှ ၁ဝ၁ ကီလိုမီတာ ကွာဝေးသော...